Aug 19, 2024
ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု ကော့ခမိတ်ကျေးရွာအနီး၌ ဝင်းနိုင်မိုး (ခ) ကျော်ခွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းနိုင်မိုး (ခ) ကျော်ခွေး (၃၀) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Aug 19, 2024
ဩဂုတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်းနှင့် ၄၉ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းခမ်းလိန်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water သုညဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။
Aug 19, 2024
ဩဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ အိုက်ကျန် (ခ) အစိမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀၊ အိုက်စ် ၃၈ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ကျန် (ခ) အစိမ် (၂၈) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Aug 19, 2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်ပါသည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ပါသည်-
Aug 19, 2024
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Aug 19, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
Aug 19, 2024
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးပြီး စိုက်ပျိုးသီးနှံအထွက်တိုးကာ ဈေးကောင်းရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများကို မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းကိုးသင်းဖြစ်သည့် ပန်းဘဲတန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၂၂ ဦး၏ စိုက်ဧက ၁၂၃ ဧကအတွက် တန်ဖိုးငွေကျပ် ၂၄ ဒသမ ၆ သန်း၊
Aug 19, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဧရာဝတီရိပ်သာ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Aug 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 19, 2024
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၁/၂၀၂၄ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၀)၏ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၅၃၃ နေရာရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေး မြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။
Aug 19, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် ၁၇ ရက်နှင့် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့် သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ လုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Aug 19, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
Aug 19, 2024
မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ထူးကဲသောလပြည့်နေ့ အသီးသီးရှိကြရာ၌ ဝါခေါင်လပြည့်နေ့သည် မေတ္တာဓာတ်များလွှမ်းခြုံပတ်၍ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သည့် နေ့မြတ်ဖြစ်ပေသည်။ ဝါခေါင်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က မေတ္တသုတ်တရားတော်ကို ထုတ်ဖော်ဟောကြားသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဟူ၍ သတ်မှတ်ခဲ့ကြပြီး ကောင်းမှုအထူးတို့ကို ပြုလုပ်ကြသည်။
Aug 19, 2024
ပစ္စုပ္ပန်တွင် မိမိတို့ရှင်သန်နေထိုင်ကြရသည့် ကမ္ဘာကြီးသည် အမျက်ဒေါသတို့ တောက်လောင်ပိတ်ဖုံးနေသည့်ကမ္ဘာဟုပင် ထင်စရာဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိမိပတ်ဝန်းကျင်မှသည် ကမ္ဘာတစ်ခွင်လုံးအထိ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှတို့မှာ ဒေါသတို့ဖြင့် ကြမ်းတမ်းခက်ထန်နေသည်။ အမျက်ဒေါသဟူသည် သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို စင်စစ်ပြုတတ်သော ရန်သူစစ်စစ်ဖြစ်၏ဟု ဒေါသကထာတွင် ဖွင့်ဆိုထားသည်။ ကမ္ဘာပျက်သောအခါ တောက်လောင်သော ကမ္ဘာဖျက်မီးသည် ပူပန်လှ၏ဟုဆိုသည့်တိုင် ဒေါသတည်း ဟူသောမီးမှာမူ ကမ္ဘာဖျက်မီးမျှမက သာလွန်၍ ပူပန်စေတတ်သည်ဟုလည်း ဆိုသည်။
Aug 18, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦးမောင်းနှင်ပြီး အောင်ဇော်ထွေးလိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ်နှင့် သက်ခိုင်ထွေးမောင်းနှင်ပြီး အောင်ဇေလိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ် ၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာအားလည်းကောင်း၊
Aug 18, 2024
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားလျက်ရှိသဖြင့် လျော့နည်းကျဆင်းရန်အတွက် ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ စက်သုံးဆီဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီအရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေးစီမံဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်းကိုလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။
Aug 18, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ဘုရားကြီးမြို့အဝင်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မျိုးဘဲဖြန့်ဖြူးရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ခြံတာဝန် ခံက မျိုးမြှင့်ဥစားဘဲ မိဘမျိုးများမွေးမြူထားရှိမှု၊ မလေးရှားကာကီကမ်း ဘဲလ်(PS) ဥစားဘဲမျိုး သားပေါက်များထုတ်လုပ်၍ ဒေသနေဘဲမွေး တောင်သူများကို (F-1) အဆင့် ဥစားဘဲမျိုးသား ပေါက်များ ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
Aug 18, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 18, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၈၂၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည် အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရေနွေးဓာတ်ဘူး ၂၉၉ လုံး အပါအဝင် ကုန်ပစ္စည်း သုံးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၀၅၀၀၀ ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၆၅၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 18, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသူများ ကဗျာလွတ်အကလေ့ကျင့်နေမှု၊ Language Lab၊ ဓာတုဗေဒလက်တွေ့ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ဇီဝဗေဒလက်တွေ့ခန်းများတွင် လက်တွေ့သင်ယူ လေ့ကျင့်နေကြသည့် ကျောင်းသားကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးသည်။
