Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်ရှိ လမ်းနှင့်တံတားလုပ်ငန်းများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်ရှိ လမ်းနှင့်တံတားလုပ်ငန်းများ ထိန်းသိမ် ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်အမှတ် (၂၁/၂) နှင့် (၂၁/၅) အကြား မယ်ဇလီတံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်မြတ်ထွန်းတံတား ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရန်ကုန်-ပုသိမ်လမ်း အရှည် ၉၅ မိုင် ၆ ဖာလုံကို လမ်းအထူးအဖွဲ့(၂၀)၊ လမ်းအထူး အဖွဲ့(၂၁)၊ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ မအူပင်ခရိုင်၊ လမ်းဦးစီးဌာနတို့မှ အဖွဲ့(၅)ဖွဲ့ဖြင့် ထိန်းသိမ်းပြုပြင်ခြင်းနှင့် မိုင်တိုင်အမှတ် (၁၀၅/၅) မှ(၁၀၈/၄) အတွင်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စေရေး၊ လမ်းလုပ်ငန်းများကို မိုးမကုန်မီ အမြန်ပြီးပြတ်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ် လမ်းမှ ဆပ်ကွင်း-ကညွှတ်ကုန်း- ရေလယ်ကွင်းလမ်း - ကျောက်ချောလမ်း (၁) မိုင် ခင်းခြင်းလုပ်ငန်း ခွင်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ အပင်နှစ်ဆယ်တံတား အရှည်ပေ (၂၂၀) တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ သတ်မှတ် Design အတိုင်းဖြစ်စေရေးနှင့် တံတား တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက ၂၀၂၅ ခုနှစ် မတ်လမကုန်မီ (AC) ကတ္တရာခင်းနိုင်ရေး စီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်