ရန်ကုန် ဒီဇင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညပိုင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုအစီအစဉ်အဖြစ်“သံစဉ်ဝေဖြာ မနောအလှကဗျာ” Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲ ရိုက်ကူးထုတ်လွှင့်နေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်) Studio (A) တွင် ရိုက်ကူးထုတ်လွှင့်နေသော “သံစဉ်ဝေဖြာ မနောအလှကဗျာ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲအစီအစဉ်တွင် တေးသံရှင်မောင်ဘောမ်ယိန်းသီဆိုသော “ချီဖွေမြို့လေးဆီသို့” နှင့် Jaw Prat Du Hkra “(သက်ဆုံး တိုင်)” တေးသီချင်း၊ တေးသံရှင် မယုံးယုံး သီဆိုသော “Byin Pu Pu Ten (ချယ်ရီပွင့်ချိန်)” နှင့် “အလည်လာပါ မနောမြေမှာ” တေးသီချင်း၊ တေးသံရှင် မဘောမ် ဇုံးထန့်သီဆိုသော “Tung: Mung Dain(တို့ရဲ့မြေ)”၊ “Lun Ding Sklurn (မလှည့်စားနဲ့)” နှင့် “မြစ်ကြီးနားက ကြိုဆိုနေမယ်” တေးသီချင်း၊ တေးသံရှင် မဆိုင်းဆာသီဆိုသော “ချစ်သောဟေမာန်” နှင့် “Marit Shingran(အိမ်မက်)” တေးသီချင်း၊ တေးသံရှင်မောင်ဆာ မူဧလသီဆိုသော “မလိခချစ်သူစကား”နှင့် “Bum Krin Chya Ndau (တောင်ပေါ်မြို့ လေးဆီ)” တေးသီချင်း၊ တေးသံရှင် မောင်လောဒ်အောင် သီဆိုသော “အချစ်ပုံပြင်” တေးသီချင်းနှင့် တေးသံရှင်များ စုပေါင်းသီဆိုဖျော်ဖြေသည့် “ပြည်ထောင်စု” တေးသီချင်းတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “သံစဉ်ဝေဖြာ မနောအလှကဗျာ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုဖျော်ဖြေကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်သည်။
သတင်းစဉ်