Skip to main content

Jan 07, 2020

ရန်ကုန် ဇန်နဝါရီ ၇

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့် ကျသဘာပတိနှင့် အဖွဲ့ဝင်များကလက်ခံပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ဘားအံ ဇန်နဝါရီ ၇

အခြေခံပညာရေးကဏ္ဍ ကျောင်းသား၊ ဆရာ၊ မိဘ အားလုံးပါဝင်သော ကရင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲနှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

နေပြည်တော် ဇန်နဝါရီ ၇

ရေစကြိုမြို့နယ် ချစ်သူကျေးရွာနှင့် ညောင်ပင်ကျေးရွာ ကူးတို့ဆိပ် ဒီပသရဖူ ဇက်ရေယာဉ် ဆိပ်ကမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချစ်သူကျေးရွာဆိပ်ကမ်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

လွိုင်ကော် ဇန်နဝါရီ ၇

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၏ ဆဋ္ဌမအကြိမ်မြောက် ဘက်စုံ-သားဖွား ဒီပလိုမာ(၂)နှစ် သင်တန်း အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မူဆယ် ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို ယနေ့ နံနက်(၉)နာရီတွင် မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ စတင်လဲလှယ်ပေးပြီး လာရောက်လဲလှယ်သူများပြားကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ခရိုင်ဘဏ်ခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မော်လမြိုင် ဇန်နဝါရီ ၇

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် မုခ်ဦးဖွင့်ပွဲနှင့် ပြည်နယ်ဂုဏ်ဆောင် ဆရာ/မနှင့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။

ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးကို  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်ပညားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

နေပြည်တော ဇန်နဝါရီ ၇

ဥပဒေအရာရှိအဆင့်-၃မွမ်းမံသင်တန်းအမှတ်စဉ်(၃၂) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ကဗျာသည် ငြိမ့်ညောင်း၏။ လှပသော သံစဉ်လေးများပါဝင်၏။ အေးငြိမ်းစွာ လှုပ်ခတ်နေသည်။ ချစ်စရာ စာလုံးလေးများ စုစည်းထားပါ၏

စည်းလုံးမှုသည် နှစ်သက်စရာကောင်း၏။ ညီညွတ်မှုတွေပါဝင်နေ၏။ ပေါင်းစည်းမှုများ သက်ဝင်၏။ အင်အားပြည့်ဝနေ၏။

မြန်မာနိုင်ငံဟု ခေါ်ဝေါ်သော နယ်နိမိတ်မြေပုံလေးကပင် အချိုးကျလှပ နေ၏။ ကုန်း၊ ရေ၊ မြေ၊ တောတောင်ဆက်စပ်မှုဖြင့် ကာရံထားမှုကပင် အလှ တစ်ခုဖြစ်နေ၏။

ယဉ်ကျေးမှုတွင်လည်း သိမ်မွေ့မှု ဓလေ့ထုံးစံများဖြင့် အလှတွင် အယဉ် ဆင့်ထားပြန်၏။

ဘာသာတရားအဆုံးအမများကလည်း နှစ်လိုဖွယ်ဖြစ်အောင် တန်ဆာ ဆင်ထားပါသည်။

ဆက်လက်ဖတ်ရှုရန်