Aug 04, 2020
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 04, 2020
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် တွဲဖက်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions - APF) နှင့် High Level Dialogue (HLD) တစ်ရပ်ကို ဩဂုတ် ၃ ရက်မှ စတင်၍ Virtual Online Conferencing စနစ်အသုံးပြု၍ ကျင်းပလျက်ရှိသည်။
Aug 04, 2020
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီသည် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 04, 2020
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 04, 2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၌ လယ်ယာမြေ ပြုလုပ်ခွင့်လက်မှတ် ပုံစံ(၇) ပြန်လည် ပေးအပ်ခြင်းနှင့် သဘာဝဘေးကြောင့် မိုးနှမ်းသီးနှံထိခိုက်ပျက်စီးသည့် တောင်သူ များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက စောလဖော်မန်းမ၌ ကျင်းပသည်။
Aug 04, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၈)နာရီက မုံရွာ မြို့နယ်အတွင်း ရေဝင်ကျေးရွာများသို့ သွာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Aug 04, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ website ဖြစ်သည့် www.moi.gov.mm အား Drupal 7 version မှ Drupal 8 version သို့ အဆင့်မြှင့်တင် ပြောင်းလဲပြီး (၄-၈-၂၀၂၀) ရက်နေ့မှ စတင်၍ beta version ဖြင့် စမ်းသပ်လွှင့်တင်လျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Aug 04, 2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
Aug 04, 2020
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ၊ အစည်းအဝေး ခန်းမ၌ ကျင်းပသော စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (CMOs) ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Aug 04, 2020
ဩစတြေးလျနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာ နိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများ စုစုပေါင်း ၁၄၁ ဦးအား မြန်မာသံရုံး၊