Jan 06, 2020
၁။ မြန်မာ့ရုပ်မြင်သံကြားကြည့် ပရိသတ်များ အရုပ်အသံအရည်အသွေး ပိုမိုကြည်လင်စွာ ကြည့်ရှုနိုင်ရန်အတွက် MRTV Channel အား ပုံမှန်ထုတ်လွှင့်နေသော Standard Definition (SD) စနစ်အပြင် High Definition (HD) စနစ် ကိုပါ တွဲဖက်၍ (၁၅-၁-၂၀၂၀) ရက်နေ့မှ စတင်စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် (၁၅-၂-၂၀၂၀) ရက်နေ့မှစတင်၍ HD စနစ်တစ်မျိုးတည်းဖြင့်သာ ပြောင်းလဲ ထုတ်လွှင့် သွားမည် ဖြစ်ပါသည်။
Jan 06, 2020
မန္တလေး ဇန်နဝါရီ ၅
မန္တလေးမြို့တွင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးနှင့်အတူ အခြားလက်မှုလုပ်ငန်းများကို တွင်ကျယ်စွာပြုလုပ်ပြီး ဒေသအနှံ့ ဖြန့်ချိပေးလျက်ရှိသည်။မြန်မာ့ရိုးရာ ရွှေထီးလုပ်ငန်းလုပ်ကိုင်သူများမှာလည်း တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။ ရွှေထီးလုပ်ငန်းလုပ်ကိုင်သူများမှာ ကိုယ်ပိုင် လက်မှုလုပ်ငန်းများဖြစ်ပြီး ဝါးဖြင့်ပြုလုပ်သော လုပ်ငန်းပင်ဖြစ်သည်။ ရွှေထီးများကို မဟာမုနိဘုရားကြီးအနီးတစ်ဝိုက်ရှိ ရပ်ကွက်များနှင့် ပုသိမ် ကြီးမြို့နယ် ကလိမ်ရွာတွင် အများဆုံးပြုလုပ်သည်။
Jan 06, 2020
စိုက်ပျိုးရေးကို အဓိကထားသည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေသည် နိုင်ငံ၏ စီးပွားရေးအပေါ် များစွာအကျိုးသက်ရောက်မှု ရှိသလို ဆန်အပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို နေ့စဉ် စားသုံးနေရသည့် ပြည်သူလူထုအပေါ်တွင်လည်း စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ၏ အကျိုးသက်ရောက်မှုများက ကြီးမားသည်။ သို့ဖြစ်၍ ကုန်ဆုံးသွားပြီဖြစ်သည့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးနှင့် ပြည်သူများအပေါ် အကျိုးသက်ရောက်သည့် အရေးပါသော စိုက်ပျိုးရေးထွက်ကုန်အချို့၏ ဈေးကွက်အခြေအနေ များကို သုံးသပ်ဖော်ပြလိုက်ပါသည်။ ။
Jan 06, 2020
နေပြည်တော် ဇန်နဝါရီ ၅
Jan 06, 2020
၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မိမိမွေးမြူထားသော ဝက်မျ
Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၆
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပဉ္စမနေ့ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း (၁၁၅၈) တွဲကို ငွေကျပ် ၂၃၅၆၁ ဒသမ ၄၀၃ သန်းဖြင့် ရောင်းချနိုင်သည်။
Jan 05, 2020
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲအသီးသီးတို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ။
Jan 05, 2020
“လက်မှုပညာသင်ကျောင်းတွေ များလာအောင် ပိုပြီးကြိုးစား ရလိမ့်မည်၊ အသက်မွေးဝမ်းကျောင်းပညာ၊ အထွေထွေလက်မှု၊ ပညာတွေကို ပိုပြီး အားပေးရမည်။ စာအုပ်တွေထုတ်တဲ့ နေရာ မှာလည်း လူအများအတွက် အရေးတကြီးလိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေ ဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးကြီးတစ်ခုကို ဖွင့်ရမည်။ နိုင်ငံခြားကိုပညာသင်တွေ လွှတ်ရမည်။ သို့သော်လည်း သူတို့ပြန်လာလျှင် တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် လုပ်နိုင်ကိုင်နိုင်အောင် အသုံးကျတဲ့ ပညာမျိုးတွေကို ကျကျနန ယူလာနိုင်အောင်လုပ်ရမည်။ အဆိုပါ ပညာတော်သင်တွေ အတွက် သင်ကြားဖို့ရာ ပညာရပ်တွေ ရွေးချယ်သည့်နေရာမှာ တိုင်းပြည်ပြန်လည်
Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
Jan 05, 2020
မြင်းမူ ဇန်နဝါရီ ၅
စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အလှူရှင်များ ဆောက်လုပ်လှူဒါန်းသော တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။