Skip to main content

Sep 03, 2020

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁ဝဝဝ ပြည့်ရန် ငါးဦးသာလိုတော့သည်။ နောက်တစ်နေ့ဆိုလျှင် ပြည့်ရုံသာမက ကျော်လွန်သွားလိမ့်မည်ဟူ၍လည်း မှန်းဆကြည့်မိသည်။ ပြည်တွင်းကူးစက်မှု အများအပြား ရုတ်တရက် ထွက်ပေါ်လာချိန်မှစ၍ ရောဂါအတည်ပြုလူနာ အရေအတွက်မှာ တရိပ်ရိပ်တိုးလာနေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

မြန်မာနိုင်ငံတွင် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics) ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပြမြေပုံရေးဆွဲနိုင်ရေး၊ Logistics ကဏ္ဍနှင့်ဆက်စပ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရေးနှင့် သင့်တော်သော စည်းမျဉ်းစည်းကမ်းများနှင့် Logistics လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အထောက်အပံ့ပေးနိုင်‌မည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆိုင်ရာ အစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၃၀ ဘီလီယံ ရယူရေးဆိုင်ရာ နှစ်နိုင်ငံအစိုးရများအကြားလဲလှယ်မှု စာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ် (Loan Agreement) တို့အား စက်တင်ဘာ ၁ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် JICA တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့ အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် (ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတော့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆုတ်(၂)ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2020

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီက ယနေ့ နံနက် ၁၀ နာရီတွင် ပန်းတနော်မြို့နယ်ရှိ စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်