Aug 08, 2020
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ၂၀၁၈ ခုနှစ် ပခုက္ကူစာပေဆု၊ ဝတ္ထုရှည် ပထမဆုရ စာရေးဆရာ “ပင်မြင့်စံ(ရွှေဘို)” ရေးသားသည့် “နားခိုရာမဲ့သူ၏ လောကနိဗ္ဗာန်ဘုံ” စာအုပ်ကို စာအုပ်အသင်း၏ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များသို့ ဖြန့်ချိ လျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ် အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက် ရှိသည်။
Aug 08, 2020
အရှေ့တောင်အာရှဒေသနိုင်ငံများရှိ ကျန်းမာရေးဝန်ကြီး များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း စဉ်ဆက်မပြတ် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစီမံကိန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ဆွေးနွေးခြင်း အစည်းအဝေးကို
Aug 08, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်း ဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စစ်ဆေးမှု ပြုလုပ် ရမည် ဖြစ်သည်။
Aug 08, 2020
မုံရွာမြို့မှ လုယက်မှုဖြင့် တရားရုံးက ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့် လူငယ်ခုနစ်ဦးသည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ဇူလိုင် ၂၆ ရက် တွင် ရောက်ရှိခဲ့ပြီး ဇူလိုင် ၃၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် သင်တန်းကျောင်းမှ ထွက်ပြေးခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ပြန်လည်တွေ့ရှိခဲ့သည်။ ဇူလိုင် ၃၁ ရက် တွင် ထွက်ပြေးသူ လူငယ်တစ်ဦး သေဆုံးခဲ့ကာ ဩဂုတ် ၅ ရက်တွင် ထပ်မံ၍ လူငယ်တစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။
Aug 08, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၅ ခုနှစ်အတွက် စာပေ ဗိမာန် စာမူဆု၊ လူငယ် စာပေဒုတိယဆုရရှိသည့် စာရေးဆရာ ကိုရွှေသံ (မြန်မာစာ)၏ “မြစ်ဧရာနဒီကြောဝယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Aug 08, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ များနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင် မာမာ ရေးဆွဲချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသကဲ့သို့ တောင်သူပညာပေး လုပ်ငန်းများကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (One Stop Service)အသွင်ဖြင့် ဆောင်ရွက် ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ၂၀၁၇ ခုနှစ် မတ် ၁ ရက် တွင် နေပြည်တော်၌ ဖွင့်လှစ်ပေးခဲ့ သည်။
Aug 08, 2020
ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ သာယာ ရှုမောဖွယ် ကမ်းခြေအလှများနှင့် ဖော်ထုတ် ရန် ကျန်ရှိနေသေးသည့် စိတ်ဝင်စားဖွယ် ကောင်းလှသော ဗဟုသုတ ဖြစ်ဖွယ် ခရီးစဉ် ဒေသသစ်များနှင့်အတူ အရိုင်းဆန်သော သဘာဝအလှတရားများစွာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည့် မွန်ပြည်နယ်သည် ခရီးသွား အပန်း ဖြေရင်း ဗဟုသုတရှာဖွေနိုင်မည့် ပြည်နယ် တစ်ခုအဖြစ် တည်ရှိ နေသည်။
Aug 08, 2020
၁။ (၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။
Aug 08, 2020
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ (၅၃)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံးနှင့် အာဆီယံပြည်သူတစ်ရပ်လုံး ကောင်းကျိုး ချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အာဆီယံနှစ်ပတ်လည်နေ့သည် အားလုံးပါဝင်ပြီး စည်းမျဉ်းကို အခြေခံ၍ ပြည်သူကိုမျက်နှာမူ၊ ဗဟိုပြုသည့် တစ်ခုတည်းသော အသိုက်အဝန်း ဖြစ်လာစေရန် ဒေသတွင်းအသွင်ကူးပြောင်းမှုတွင် မိမိတို့အနေဖြင့် မည်သည့် အတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့သည်ဆိုခြင်းကို ပြန်လည်သုံးသပ်ရန် အခွင့်အခါကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။
Aug 08, 2020
သမိုင်းဆိုသည် ဖျောက်ဖျက်ပစ်ကောင်းသည့် အရာမဟုတ်။ သမိုင်းဟူသည် လိမ်လည်ပြင်ဆင်ရေးသား သင့်သည် မဟုတ်။ သမိုင်းဟူသည် ဖုံးကွယ်ထား၍လည်း ရမည်မဟုတ်။ အထူးသဖြင့်တော့ လူထုကရေးသော သမိုင်း တို့သည် ကျောက်စာတိုင်တို့ထက် ခိုင်၏ ဟု ဆိုချင်ပါသည်။