Skip to main content

May 06, 2022

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှနှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း ၁ ဒသမ ၆၀ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2022

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

May 06, 2022

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌ Mr. WATAN-ABE Hideo နှင့်အဖွဲ့အား ယနေ့နံနက်၁၀နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2022

AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Prak Sokhoon ၏ဖိတ်ကြားချက်အရConsultative Meetingတက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ဘန်ကောက်မြို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ယနေ့နံနက်ပိုင်း တွင် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2022

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ ထက်တိုင်အောင်မချုပ်ငြိမ်းသေးပေ။ ယုံကြည်ချက်၊ ခံယူချက်ကြောင့် သဘောထားကွဲလွဲရာမှ ဖြစ်ပေါ်လာသည့် ပဋိပက္ခများမှာ မျက်မှောက်ကာလတွင် အပြီးတိုင်ချုပ်ငြိမ်းသင့်သည့်အချိန်သို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ ကြိုးပမ်းရယူကြရပေမည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2022

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်နိုင်သည့်အရွယ်ရှိသူ ၅၂ ဒသမ ၂ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍတွင် ဝင်‌ရောက်အလုပ်လုပ်ကိုင်နေကြသည်။ မိမိတို့နိုင်ငံသည် ရှေးပဝေသဏီ ခေတ်အဆက်ဆက် ကပင်လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် လူတစ်ဦးချင်းအနေဖြင့်ရော မြေတစ်ဧကချင်း အနေဖြင့်ပါ ထုတ်လုပ်နိုင်စွမ်း အနိမ့်ဆုံး၌ ရပ်တည်နေသည်။ သို့ဖြစ်၍ ဝင်ငွေချင်းနှိုင်းယှဉ်ပါကလည်း လွန်စွာကွာခြားလျက်ရှိနေသည့်အလျောက် မြန်မာနိုင်ငံ တစ်ဝန်းရှိကျေးလက်ဒေသများမှ လူငယ်များမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်များကိုစွန့်လွှတ်ကာ ကျွမ်းကျင်မှုနည်းပါးသော အဆင့်နိမ့်ရွှေ့ ပြောင်းလုပ်သားများအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ် ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းမြို့ရှိ အရာရှိ၊ စစ်သည်။ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်