Jul 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဇူလိုင် ၁၀ ရက်နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ပြီး ယင်းနေ့ဒေသ စံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ Sheremetyevo (ရှဲလ်ယယ် မြဲကျဲဗာ) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin (အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
Jul 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အကြီးအကဲများနှင့် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အလုပ်သဘောတွေ့ဆုံ ဆွေးနွေးသည်။
Jul 12, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 12, 2022
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival သို့ သွားရောက် ဖျော်ဖြေရန် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးဖျော်ဖြေရေးအဖွဲ့ ၃၆ ဦးသည် ဇူလိုင် ၇ ရက် နံနက် ၇ နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ရာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိ သူများက ကြိုဆိုခဲ့ကြသည်။
Jul 12, 2022
ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်းနှင့် လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။
Jul 12, 2022
ယနေ့သည် ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Jul 12, 2022
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းတော်ကပ်လှူပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။
Jul 12, 2022
ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကား လျက်ရှိသည်ကို တွေ့မြင်ရသည်၊၊
Jul 12, 2022
(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်
Jul 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ပညာ့ဝတီအိမ်ရာစခန်းသို့သွားရောက်ပြီး ဝန်ထမ်းများ၏နေထိုင်ရေး အဆင်ပြေစေရေးလိုအပ်ချက်များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။