Skip to main content

Aug 22, 2022

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုက်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် ကြေညာထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသ၊ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2022

သစ်တောထွက်ပစ္စည်းဖက်စပ် ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ (၂၉)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း တော်ဝင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2022 ပြိုင်ပွဲတွင် ပါဝင်သောတင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Tank Crews Competition) Division-2 သို့ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2022

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေသောသူကို အားနည်းသူဟု ခေါ်သည်။ အားနည်းသူမှာ ပြည့်စုံသူတို့နှင့် တန်းတူမဟုတ်သဖြင့်လောက ပတ်ဝန်းကျင်တွင် ပစ်ပယ်တတ်သည့်သဘောဓလေ့ရှိတတ်သည်။ အားနည်းသူကို ပစ်ပယ်မထားဘဲ အများနှင့်တန်းတူ လက်တွဲဖေးမကူကာ ထောက်ပံ့မြှင့်တင်အားပေးပါက အားနည်းသော်လည်း စိတ်ဓာတ်ခွန်အားထက်မြက်မြင့်မားပြီး လောကအလယ်တွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားများပင် ဖြစ်နိုင်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2022

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနောက်ထပ် အဆင့်တစ်ဆင့်ဆီသို့ တက်လှမ်းခဲ့ပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု တံခါးကို ဖွင့်ထားဆဲဖြစ်သကဲ့သို့ မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လက်ကမ်းထားဆဲပင်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိမလာသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသ၏ အကျိုး၊ တိုင်းရင်းသားပြည်သူ လူထု၏အကျိုးနှင့် တိုင်းပြည်၏အကျိုးအတွက်အမြင် ကျယ်ကျယ်ဖြင့်ရှုမြင်ကာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြမည်ဟု မျှော်လင့်မိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်