Skip to main content

Aug 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ် နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ချမှတ်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2022

ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် ကျေးရွာသုံးရွာနှုန်းဖြင့် စုစုပေါင်းကျေးရွာ ၄၂ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသများ၌ နေထိုင်လျက်ရှိကြရာ ကျေးရွာများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ကျေးလက်နေအများစုသော ပြည်သူများ၏ လူနေမှုပုံစံများမှာလည်း ခေတ်မီတိုးတက်လာနိုင်မည် ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတို့တွင် ကျေးရွာစုစုပေါင်း ၆၄၀၀၀ ကျော်ရှိရာ တစ်နိုင်ငံလုံးရှိကျေးရွာအားလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်ရှိ အကောင်အထည်ဖော်လျက်ရှိသည့် ခေတ်မီစံပြကျေးရွာများမှာ စံနမူနာယူဖွယ်များ ဖြစ်လာမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2022

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပိုမိုသိရှိလာနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနား(ဒုတိယအကြိမ်)ကို ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2022

သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် GAVI-The Vaccine Alliance အဖွဲ့ရုံးမှ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Mr. Thabani Maphosa ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်