Aug 26, 2022
၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး Burma Translation Society- BTS”အဖြစ် စတင်ဖွဲ့စည်းဖြစ်တည်လာခဲ့သည့် “စာပေဗိမာန်” မှာ သက်တမ်း ၇၅ နှစ်ပြည့်သည့် စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပြည်သူလူထု ဗဟုသုတကြွယ်ဝရေးအတွက် နိုင်ငံတကာစာပေမှ ဘာသာပြန်ဆိုပုံနှိပ်ထုတ်ဝေနိုင်ရေး ဘာသာပြန်စာပေဌာနကြီးတစ်ခုတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်ချက်နှင့်အညီဘာသာပြန်စာပေအသင်းကြီး ပေါ်ပေါက်လာခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် မေလတွင် စာပေဗိမာန်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
Aug 25, 2022
မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2022 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲအပြင် ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့များက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
Aug 25, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 25, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 25, 2022
“လူကုန်ကူးမှုများနှင့်သက်ဆိုင်သည့် ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့် အထူးဥပဒေများဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 25, 2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာ၌ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်နေသော မွေးမြူရေးဝက်ခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ အသားတိုးဝက်မွေးမြူခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ပုံမှန်ဝင်ငွေရရှိနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
Aug 25, 2022
“အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့ မြန်မာစကားပုံအရ မြန်မာ လူမျိုးအများစု အရသာအတွေ့ဆုံးက သရက်သီးဖြစ်တယ်လို့ဆိုနိုင်ပေမဲ့ အရှေ့တောင်အာရှ တခွင်မှာတော့ ဒူးရင်းသီးကို သစ်သီးများရဲ့ဘုရင် (King of Fruits)တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒူးရင်း(Durian)ဆိုသည့်အမည်ဟာ မလေးဘာသာ(Duri) ဆိုသည့်စကားရပ်မှ ဆင်းသက်လာ တာဖြစ်ပြီး (Duri) ဆိုတာကတော့ “ဆူး” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ထားဝယ်ရာဇဝင် သမိုင်းဖော်ပြ ချက်မှာတော့ မြတ်စွာဘုရားရှင်အား “ဒူရကနတ်သား”မှ နတ်ပြည်မှပါလာသည့် နတ်သစ်သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက်ပျိုးကြရာမှ ထိုအသီးကို “ဒူရကသီး”ဟု ခေါ်တွင်ခဲ့ရာမှ နောက်ပိုင်းတွင် “ဒူးရင်းသီး”ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှု့လေ့လာဖူးပါတယ်။
Aug 25, 2022
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ (၁၀၀)ကျော်ရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားများဖြင့် တန်ဘိုးထားစွာ နေထိုင်ကြသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ နေထိုင်ရာဒေသ မတူညီကြသည်နှင့် ကိုးကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စား ဆင်ယင်မှုများမှာလည်း မိမိတို့၏ ရိုးရာသင်္ကတများအလိုက် ကွဲပြားသွားကြပါသည်။ တိုင်းရင်းသားလူမျိုးများအနက် ချင်းတိုင်းရင်းသား လူမျိုးများက လူမျိုးစု( ၅၃ )မျိုးဖြင့် နိုင်ငံ၏ အနောက်ဘက် ပိုင်းတွင် နေထိုင်ကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားများအနက် နာမည်ကြီးသော တိုင်းရင်းသားဝတ်စုံများမှာ ဖလမ်းလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ တီးတိန် လူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဇိုမီးလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဟားခါးလူမျိုးတို့၏ ရိုးရာဝန်စုံများမှာ ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများအနက် လူသိများနာမည်ကြီးသော ရိုးရာဝတ်စုံများဖြစ်ကြသည်။
Aug 25, 2022
ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာ ဒေသများ မှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုး ရာတွင် တချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ ဘေးပတ်လည်၊ နောက်ဖေးစသည့် နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် အပင် ငှက်ပျောပင် ၂၀-၅၀ ခန့် စိုက်ပျိုး ထားကြပါ သည်။
Aug 25, 2022
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (လှည်းကူး) သည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန် သီးနှံများနှင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများအား ဓာတ်ခွဲစမ်းသပ်၍ အရည်အသွေးထောက်ခံချက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်နိုင်မှု