Skip to main content

ခိုလမ်မြို့ မဟာဗောဓိပရဟိတကျောင်းတိုက်၌ တည်ထားကိုးကွယ်မည့် မဟာဗောဓိအောင်တော်မူစေတီတော်မြတ်ကြီး၏ အုတ်မြစ်တော်စီမင်္ဂလာပြုလုပ်

နေပြည်တော် အောက်တိုဘာ ၂၂              

ရှမ်းပြည်နယ်(တောင်ပိုင်း)ခိုလမ်မြို့ မဟာဗောဓိကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “မဟာဗောဓိအောင်တော်မူ” စေတီတော်မြတ်ကြီး၏ ရတနာအုတ်မြစ်တော်စီမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ရတနာအုတ်မြစ်တော်စီအခမ်းအနားကို ဖွင့်လှစ်ပြီးနောက် မဟာဗောဓိကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ထို့နောက် တာဝန်ရှိသူများက မဟာ ဗောဓိကျောင်းတိုက် ဆရာတော်ထံ ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်များ ကပ်လှူကြပြီး ပရိတ်တရားတော် များ နာယူကြသည်။

ယင်းနောက် မဟာဗောဓိကျောင်းတိုက်ဆရာတော် ဦးဆောင်၍ တက်ရောက်လာကြသူများက “မဟာဗောဓိ‌အောင်တော်မူ”စေတီတော်မြတ်ကြီးတည်ထား ကိုးကွယ်မည့်နေရာတွင် ရတနာအုတ်မြစ်များ စီခြယ်ပူဇော်ကြပြီး အမွှေးနံ့သာရည်များပက်ဖျန်း၍ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်