Aug 26, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Search for Common Ground (SFCG) တို့ပူးပေါင်း၍ Technical Media Production Training သင်တန်းကို နေပြည်တော် ၊ တပ်ကုန်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား သင်တန်း ခန်းမ၌ ပြုလုပ်သည်။
Aug 26, 2020
၁။ (၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၃၉) ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၁၈) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊ - ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ (၂၃) ခုနှင့် - ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၂) ခု၊ - စုစုပေါင်း (၁,၂၆၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။
Aug 26, 2020
(၂၀၂၀) ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Aug 26, 2020
နေပြည်တော် ဩဂုတ် ၂၆
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေပြုစုရေးဆွဲမှု အပေါ်အကူအညီပေး ရေး အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
Aug 26, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်း များတွင် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ဥပဒေ အထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ခြင်းနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ (၂၀၁၆)နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး နည်းဥပဒေ (၂၀၁၇) စာအုပ်များလှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။
Aug 26, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင် ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
Aug 26, 2020
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ်(၂၅)ရက်တွင် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOFCOM)၊ အာရှရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့တို့ က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
Aug 26, 2020
အာဆီယံခရီးသွားလုပ်ငန်းအရေးပေါ် အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာ ဒုတိယအကြိမ်မြောက် Video Conferencing အထူးအစည်းအဝေး (2nd Special Video Conference Meeting of ASEAN Tourism Crisis Communication Team on COVID-19) ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
Aug 26, 2020
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရ အဖွဲ့က ပေးပို့လာသော ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 26, 2020
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဩဂုတ် (၂၈)ရက် ညတွင် ပွဲစဉ်(၄)အဖြစ် စန္ဒရားကိုခင်လှ ၊ စန္ဒရားတင်ကိုကို တေးဂီတ အဖွဲ့နှင့် အတူ တေးသံရှင် ထား၊ ရီရီသန့် ၊ ခင်စိုးဝင်း ၊ စိမ်းလဲ့လဲ့ ၊ သူဇာအောင် ၊ မေသက်ထားဆွေ ၊ တင်ဦးလေး၊ သန်းမြတ်စိုး ၊ မောင်သိန်းဝင်း ၊ကျော်ကျော်ဟန် ၊ဝိုင်းလမင်းအောင်၊ စန္ဒရားတင်ကိုကို တို့ကဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။
Aug 26, 2020
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၃) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ
Aug 26, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ် ၂၆ရက် နံနက် ၁၀နာရီက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပခဲ့ သည်။
Aug 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီမှ ရေကြည မြို့နယ်အတွင်း စွန့်လွတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀နာရီက ရေကြည်မြို့၊ ပြည်သူ့ခန်းမတွင် ကျင်းပခဲ့သည်။
Aug 26, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော် ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။
Aug 26, 2020
နေပြည်တော် ဩဂုတ် ၂၆
Aug 26, 2020
မြန်မာန်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့်အထောက် အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။
Aug 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့မှ စက်ဘီး ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေပြည်တန်ဘိုးဘွားရိပ်သာ ပြည်တန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 26, 2020
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများ တွင် ရောင်းချပေး သွားမည်ဖြစ်သည်။
Aug 26, 2020
မန္တလေး သြဂုတ် ၂၆
မန္တလးတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှုများပြားသည့် ဒေသများမှ လာရောက်သူများမှ တစ်ဆင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။
COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက အသိပေး ထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ် ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
