ရန်ကုန်- စက်တင်ဘာ ၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တူရကီနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံအမတ်ကြီး H.E. Kerem Divanlioglu က အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ လှိုင်မြတ်သူနှင့် တူရကီနိုင်ငံ TIKA မှ စီမံကိန်းညှိနှိုင်းရေးမှူး Mr. Fahri Burak Aydogdu တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လက်ခံရရှိမှုနှင့် စပ်လျဉ်း၍ လက်မှတ်ရေးထိုးကြ သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး H.E. Kerem Divanlioglu က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယနေ့လှူဒါန်းပွဲတွင် တူရကီနိုင်ငံက အမေရိကန်ဒေါ်လာ (၅၅၀၀၀)တန်ဖိုးရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်း(၁၆)မျိုးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)