Skip to main content

Jan 14, 2020

ရန်ကုန်   ဇန်နဝါရီ   ၁၃

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) တို့အတွက် ငွေပဒေသာပင်အလှူတော်ငွေ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ မိုးကုတ်ဆွမ်းစားကျောင်း ဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

ရန်ကုန်    ဇန်နဝါရီ   ၁၃

ဂျပန်နိုင်ငံမှ အဆိုတော် Ms.Millet Takayama နှင့် ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စူဠာမဏိစေတီ၊ ဓမ္မရံကြီးဘုရား၊ မင်းနန်သူကုန်းနှင့် လေးမျက်နှာဘုရားတို့တွင် နေထွက်ချိန်အလှ၊ မြန်မာ့ယဉ်ကျေးမှုလက်ရာများနှင့် ပတ်ဝန်းကျင် ရှုခင်းအလှများ ရိုက်ကူးသည်။ ။

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သရပါတံခါးနှင့် ပတ်ဝန်းကျင်ရှုခင်းများ၊ မြင်းကပါကျေးရွာအနီးရှိ စေတီငယ်များ၊ ဧရာဝတီမြစ်ကမ်းရှိ ကျောက်မျက်မော်စေတီတို့တွင် နေဝင်ချိန်အလှနှင့် ဧရာဝတီ မြစ်ရှုခင်းများကို ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

မန္တလေး  ဇန်နဝါရီ ၁၄

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကို မန္တလေးမြို့၊ မန္တလာသီရိ မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

ရေဖြူ   ဇန်နဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကား ပြောကြားရာ ဒေသခံတောင်သူများ၏ လိုအပ်ချက်ဖြစ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ ဆက်လက်ထုတ်ပေးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

နိုင်ငံတည်ဆောက်ရေးဟုဆိုလျှင် လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်၊ သောက်သုံးရေ ပေးပို့စနစ်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်စနစ်၊ အမှိုက်စွန့် စနစ် စသည့်အခြေခံအဆောက်အအုံများ၊ လူနေတိုက်တာ အိမ်ခြေများ၊ စက်ရုံအလုပ်ရုံကြီးများ၊ ကျောင်း တက္ကသိုလ်၊ လွှတ်တော်၊ ဟိုတယ်။ ဆေးရုံ၊ အစိုးရ/ပုဂ္ဂလိကရုံးကြီးများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာများ သာမက ဒြပ်မဲ့ဖြစ်သော နိုင်ငံတော်၏ ပုံရိပ်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ ပြည်သူလူထု၏ ကျေနပ် ပျော်ရွှင်မှု အစရှိသည်တို့ ပါဝင်၏။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

လွိုင်ကော်     ဇန်နဝါရီ     ၁၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ကယားပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြီးကြပ် လမ်းညွှန်မှုဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကယား ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

ပြင်ဦးလွင် ဇန်နဝါရီ ၁၃

ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အထက(၁)တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

ရန်ကုန်     ဇန်နဝါရီ    ၁၃

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် ဗိုလ်ချုပ်ပန်းခြံရှိ ရေပေါ်အားကစားကွင်း၌ ယမန်နေ့က မြန်မာ - နီပေါ သံတမန်ဆက်သွယ်မှုနှစ်(၆၀) ပြည့်နှင့် ၂၀၂၀ နီပေါခရီးသွားနှစ် အထိမ်းအမှတ် မြန်မာ- နီပေါချစ်ကြည်ရေးနှင့် ခရီးသွားသံတမန်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဘင်းကေအူး ဒက်စ်၊ ပုလဲကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

နေပြည်တော်    ဇန်နဝါရီ   ၁၃

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများအား တွေ့ဆုံရာတွင် မြို့ခံ ပြည်သူတစ်ဦးက မြစ်ကြီးနားမြို့တွင် ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်အောင် ဆောင်ရွက်ပေးရေး မေးခွန်းတစ်ခု မေးမြန်းခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပလတ်စတစ် အမှိုက်များ စနစ်တကျ စွန့်ပစ်ရန်မှာ ပြည်သူများ ပါဝင်ရန်လိုအပ်ပါကြောင်း ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

နေပြည်တော် ဇန်နဝါရီ  ၁၃

ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) စနစ်နှင့်အညီ ငါးပုစွန် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ရုံးအမှတ် ၃၆ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

ပြင်ဦးလွင်   ဇန်နဝါရီ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်လျှက်ရှိသည့်ကလေး စာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပထမနေ့ဖြစ်သည့် ဇန်နဝါရီ(၁၃)ရက် နေ့တွင် နံနက်(၉)နာရီမှစတင်၍ ညနေ(၄)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

နေပြည်တော် ဇန်နဝါရီ ၁၃

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

နေပြည်တော် ၊ ဇန်နဝါရီ ၁၃

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၁၅) ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာရဝတီ ပွဲတော်ကွင်းတွင် ဇန်နဝါရီ (၁၅) ရက် နံနက် (၈) နာရီ၊ မိနစ် (၅၀) တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြင်ဦးလွင်ပန်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခဲ့သည့် အမှိုက်သရိုက်မျိုးစုံတို့ကြောင့် အကျည်းတန် အရုပ်ဆိုးနေရသည့် မြင်ကွင်း ၊ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။ လှပစွာပြင်ဆင်ထားသည့် ပန်းပွဲတော်၏ ပြကွင်းပြကွက်များ၊ မြက်ခင်းများ၊ လျှောက်လမ်းများနှင့် ရေကန်များ၏ ရေမျက်နှာပြင်များပေါ်တွင်ပါ အမှိုက်များစွာတို့ကို မြင်မကောင်းလောက်အောင်ပင် ထုနှင့် ထည်နှင့် စည်မဲ့ ကမ်းမဲ့ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

မြစ်ကြီးနား                ဇန်နဝါရီလ    ၁၃

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမာရသွန်ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြစ်ကြီးနား မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်ရှိ သတ်မှတ်နေရာမှ စတင်လွှတ်ရာ အသက်(၁၅)နှစ်အထက်နှင့် အောက်အသက်(၁၂)နှစ် အထက်နှင့်အောက် ကျား၊ မပြိုင်ပွဲများအလိုက် ပြိုင်ပွဲဝင်(၆၀၀၀)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်လမ်းကြောင်းများအတိုင်း ယှဉ်ပြိုင်ကြကာ စီတာပူ မနောကွင်းတွင် ပန်းဝင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

ရေဖြူ   ဇန်နဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ၊  အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား  ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှု (၂)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၅)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်

Jan 13, 2020

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းစာလျှင် ရေမြေသဘာဝ ကောင်းမွန်ခြင်း၊ အစွန်းမထွက် မလွန်ကဲသည့် မျှတမှုရှိသော ရာသီဥတုရှိခြင်း၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ စုံလင်စွာ တည်ရှိခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပေါများခြင်း စသည့် စိတ်ဝင်စားဖွယ် အနေအထားကောင်းများ များစွာပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်