Skip to main content

အမြင်အာရုံနှင့်အကြားအာရုံချို့ယွင်းသူ မသန်စွမ်းသူများအသုံးပြုနိုင်သော ဘေးအန္တရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်နှင့် လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များ လက်ခံခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

အမြင်အာရုံနှင့် အကြားအာရုံချို့ယွင်းသူ မသန်စွမ်းသူများအသုံးပြုနိုင်သော ဘေးအန္တရာယ် ()မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်နှင့်  လက်သင်္ကေတပြ ဘာသာ စကားပါ ဗီဒီယိုဖိုင်များ လက်ခံခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ အွန်လိုင်းစနစ်ဖြင့်ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်   Plan International Myanmar မှ Country Director တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မျက်မမြင်လက်စမ်းစာအုပ်များနှင့် ဗီဒီယိုဖိုင်များ လွှဲပြောင်းပေးရခြင်းနှင့် စပ်လျဉ်း၍ Plan International Myanmar Country Director, Mr. Haider Yaqub က ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် ရှေးဦး အရွယ်ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ၏ လူတစ်ဦးချင်း အခွင့်အရေးများ ခံစားရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး တာဝန်ယူကြိုးပမ်းလျက်ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် လူ့ကြောင့် ဖြစ်သောဘေး အပေါင်းကို ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန်တုံ့ပြန်ဆောင်ရွက် ခြင်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်ရေး အဟန့်အတားဖြစ်စေ မှုများကို ကျော်လွှား နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေဘဲ ပြည်သူအားလုံး သာတူညီမျှ ခံစားရရှိရေးမူကိုလည်း လက်ကိုင်ထားရှိကြောင်း၊ မသန်စွမ်းသူများသည် ဘေးအန္တရာယ်များကျရောက်ပါက ထိခိုက်နိုင်မှု ခံစားရခြေ မြင့်မား သောသူများဖြစ်ကြောင်း၊ မသန်စွမ်း သူများအတွက် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် နိုင်ရန် အသိပညာပေး အချက် အလက်များ လက်လှမ်းမီရရှိရေး ရည်ရွယ်ပြီး သဘာဝဘေး() မျိုးဖြစ်သော မီး၊ ရေ၊ လေပြင်း၊ မုန်တိုင်း၊ မိုးခေါင်ရေရှား၊ ငလျင်၊ ဆူနာမီ၊ မိုးကြိုးနှင့် မြေပြိုဘေးတို့ကို အမြင်အာရုံချို့ယွင်းသူများ ဖတ်ရှုလေ့လာနိုင်သော မျက်မမြင်လက်စမ်း စာအုပ်များနှင့် အကြားအာရုံ ချို့ယွင်းသူများ အတွက် လက်သင်္ကေတပြ ဘာသာစကား ပါဝင်သော ဗီဒီယိုဖိုင်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင် မျက်မမြင်ကျောင်းနှင့် Plan International Myanmar တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့အခမ်းနားတွင် ထိုအထောက် အကူပြုစာအုပ်များနှင့် ဗီဒီယိုဖိုင်များကို အလှူရှင် Plan International Myanmar က ဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ကုလသမဂ္ဂ၏ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို အလေးထား ဆောင်ရွက်ခြင်း၊ မြန်မာ နိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး စီမံချက်တွင်ပါဝင်သော ဘေးအန္တရာယ်ထိတွေ့ခံစားနိုင်ခြေ အမြင့်မားဆုံးသူများကို ဦးစားပေး၍ဆောင်ရွက်ခြင်း အစီအစဉ်တို့ အတွက် ထိရောက်သော အထောက်အပံ့ ပြုခြင်း ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အနေဖြင့် ဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်နိုင်စွမ်း မြင့်မားလာစေရန် သဘာဝဘေးအသိ ပညာပေးမှုများကို လက်လှမ်းမီစေရေး ယခုလိုကြိုးပမ်း ဆောင်ရွက်ရာမှာ Plan International Myanmar ပူးပေါင်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဘေးအန္တရာယ် () မျိုး အသိပညာပေး မျက်မမြင်လက်စမ်း စာအုပ်များနှင့်  လက်သင်္ကေတပြဘာသာစကားပါ ဗီဒီယိုဖိုင်များကို လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘေးအန္တရာယ် ()မျိုး အသိပညာပေး မျက်မမြင် လက်စမ်းစာအုပ်များနှင့်  လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ ထံ ပြန်လည်လွှဲပြောင်း ပေးအပ်သည်။

ထိုဘေးအန္တရာယ် ()မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်များနှင့်  လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များကို မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်း အဖွဲ့အစည်းများမှ တဆင့် မသန်စွမ်းသူများလက်ဝယ်အရောက် ဆက်လက် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)