ထားဝယ် ဇန်နဝါရီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းဒန် က ထားဝယ်မြို့တွင် ၄၈ ကျောင်း မြောက် အသစ်ဖွင့်လှစ်မည့် နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်းသို့ ယနေ့နံနက် ၁ဝ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသအသီးသီး ရှိ တိုင်းရင်းသားလူငယ်များ အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာမသင် ကြားရခြင်းများ မရှိစေရေးအတွက် ပြည်နယ်များသာမကဘဲ တိုင်းဒေသ ကြီးများတွင်ပါ သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး တိုင်းရင်းသားလူငယ် များအား ရွေးချယ်ရေးကော်မတီများက မိဘမဲ့၊ မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါး ဦးစား ပေးအစီအစဉ်ဖြင့် စုစည်းရွေးချယ်ကာ အခြေခံပညာရပ်များ သင်ကြားစေ၍ မိမိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များ တွင် ပြန်လည်တာဝန်ထမ်းဆောင် ကြမည့် မျိုးဆက်သစ်လူငယ်များ လေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ ယနေ့ထိ လူငယ်သင်တန်းကျောင်း များမှ ကျောင်းသား ကျောင်းသူ ၆၇၀၀၉ ဦး ပြုစုပျိုးထောင် လေ့ကျင့်ပေးခဲ့ပြီး ဖြစ်သည်။
ကိုဗစ်-၁၉ ကာလအလွန် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ထားဝယ်ခရိုင်အတွင်းမှ သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီ သော ပဉ္စမတန်း (Grade - 6)နှင့် ဆဌမတန်း(Grade- 7) ကျောင်းသားကျောင်းသူများအား စတင်လက်ခံပြီး ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်