Mar 04, 2020
နေပြည်တော် မတ် ၄
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ် ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 04, 2020
ရန်ကုန် မတ် ၄
ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ဆရာ၊ ဆရာမများသမဂ္ဂတို့ ပူးပေါင်း၍ မတ်လ (၇ / ၈ / ၉)ရက်တို့တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်သစ်ပုတ်ပင်မြက်ခင်းပြင်ရှေ့၌ ကျင်းပမည့် ရာပြည့်ဓမ္မ သဘင်ကို လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ပြောသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ Pen Myanmar အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေး လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 04, 2020
(၄-၃-၂၀၂၀)ရက်နေ့၊ည(၈:၀၀)နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၇၂) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ် နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
Mar 04, 2020
နေပြည်တော် မတ် ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျွန်နေလ်စင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Mar 04, 2020
ရန်ကုန် မတ် ၄
မတ်လ ၆ ရက်နေ့ ညနေ ၆:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့ JCGV ကန်သာယာစင်တာ ရုပ်ရှင်ရုံ ၌ “ ကျွန်မတို့လိုချင်သော ဘဝများဆီသို့” Campaign ဖွင့်ပွဲနှင့်အတူ “ကျွန်မ မလိုချင်သော ကျွန်မဘဝ” ကာတွန်းရုပ်ရှင် ပြသမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မ မလိုချင်သော ကျွန်မ ဘဝ” ကာတွန်းရုပ်ရှင်တိုသည် မြန်မာမိန်းကလေးတစ်ဦး၏ ဘဝအကြောင်းကို မျက်မှောက် ကာလ အမှန်တကယ် ဖြစ်ပျက်နေမှုတွေအပေါ် အခြေခံပြီး ဖန်တီးထာတဲ့ (၁၁) မိနစ်စာ ကာတွန်းရုပ်ရှင်တိုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်ထွက်ရှိခဲ့ပြီး ဒါရိုက်တာ ဉာဏ်ကျယ်စေမှ ဦးဆောင်ဖန်တီးထားသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန − ၂ (MICC – 2) တွင် ကျင်းပသည်။
Mar 04, 2020
နေပြည်တော် မတ် ၄
ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ အား လက်ခံကျင့်သုံးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 04, 2020
မြစ်ကြီးနား မတ် ၄
ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှု စာချွန် လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိ ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Mar 04, 2020
ရန်ကုန် မတ် ၄
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌမသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
Mar 04, 2020
ရန်ကုန် မတ် ၃
တရုတ်နိုင်ငံသို့ တစ်နေ့လျှင် မြန်မာ့ ဖရဲ၊ သခွားကုန်ကားအစီးငါးရာ တင်ပို့ခဲ့ရာမှ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် ဝယ်လိုအား ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလကုန်တွင် ကားအစီး နှစ်ရာကျော်ခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
Mar 04, 2020
နေပြည်တော် မတ် ၃
နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁) ကြိမ် ကြုံတွေ့ရလေ့ရှိသည်။
Mar 04, 2020
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲတော် (Japanese Classic Film Festival)ကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် မတ် ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။
Mar 04, 2020
မန္တလေး မတ် ၄
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူရာ ဟိုတယ်တွင် ကျင်းပသည်။
Mar 04, 2020
ထားဝယ် မတ် ၄
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈) နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်၊ ဇလပ်ဖြူလမ်း၊ အကွက်အမှတ် (၂၄) အဆောက်အဦရုံးစိုက်ရာ နေရာတွင် ပြုလုပ်ကျင်းပခဲ့သည်။
Mar 04, 2020
ရန်ကုန် မတ် ၃
ကမ္ဘာ့သောတအာရုံနေ့ (World Hearing Day 2020) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ မြန်မာ နိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ထင်အောင်စော၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆရာ၀န်ကြီး ပါမောက္ခ ဒေါက်တာခင်လှလှတို့က အမှာစကားများ ပြောကြားကြ သည်။
Mar 04, 2020
မန္တလေး မတ် ၃
ယခု နွေဦးရာသီတွင် စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား မြန်မာ့မကျည်းများ အထွက်နှုန်း နည်းပါးသည့် အတွက် မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။
အရောင်းသွက်
