Skip to main content

Jul 04, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၅၁၀၀ ဦးနှင့် အတွင်းလူနာပေါင်း ၇၇၀၂၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2021

ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ ဘဏ်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ဘဏ်ဝန်ဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ရက်တိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ဘဏ်ဒါရိုက်တာအဖွဲ့ နာယက ဒေါက်တာမောင်မောင်နိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2021

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲ တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တောင်ဒဂုံပန်းခြံ၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းပင်များကို စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်း မွန်စေရေးအတွက် အင်္ဂလိပ်စာသင်တန်းကို ရန်ကုန်တိုင်းဒေသ ကြီးရုံး သင်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2021

သတ္တလောကတွင် အဖိုနှင့်အမ ကွဲပြားခြားနားသကဲ့သို့ သတ္တလောကသား လူယောက်ျားနှင့် လူမိန်းမတို့သည်လည်း သဘာဝချင်း မတူကွဲပြားခြားနားကြသည်။ သို့ရာတွင်မျိုးဆက်တည်တံ့ရေး အတွက် မတူညီသည့်သဘာဝနှစ်ခုတို့ ပေါင်းစပ်ကြရခြင်းဖြစ်ရာ တစ်ခုမရှိသည်နှင့် မျိုးဆက်တည်တံ့ရေးသည်လည်း မရှိနိုင်တော့ အဖိုရောအမပါ အရေးပါကြသည်ချည်းဖြစ်သည်။ လူ့သမိုင်း တစ်လျှောက်တွင်မူ ယောက်ျားနှင့်မိန်းမတို့၏ ဖိုမသဘာဝတို့ကို အခြေခံ၍ ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ပိုမိုသန်မာခွန်အားကြီးသည့် ယောက်ျားတို့က ရှေ့မှဦးဆောင်သူနေရာကိုယူပြီး ခွန်အားနည်း၍ သိမ်မွေ့နူးညံ့ကာ မိခင်ဘဝတွင် သန္ဓေဆောင်ယူရသူ အမျိုး သမီးတို့က သျှောင်နောက်ဆံထုံးပါ (Second Sex) ဟူ၍ ဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ အရာထမ်းများကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ တွေ့ဆုံမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ဇူလိုင် ၂ ရက်၊ နံနက် (၉)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

၂၀၂၁ ခုနှစ် (၉၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

(၁-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိ ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၈၆၃) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

ဗီဇပြောင်းကိုဗစ် - ၁၉ ကူးစက်မှုများ ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိရာ ထုတ်လုပ် ပြီးသား ကာကွယ်ဆေးများမှာ ဗီဇပြောင်းကိုဗစ် -၁၉ ကို ကာကွယ်နိုင်စွမ်း ရှိ မရှိ စိုးရိမ်နေကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

မကြာမီက ကျင်းပပြီးစီးခဲ့သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့က အတည်ပြုခဲ့သည်ကို သိရှိရ ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

ပျူခေတ်တွင် ဘာသာရေးအဆောက်အအုံများဖြစ်သည့် စေတီများ၊ ပုထိုးများ စသည့်သာသနိက အဆောက်အအုံများ တည်ဆောက်ရာတွင် အဆောက်အအုံ၏ အဆင်တန်ဆာအဖြစ် မြေမီးဖုတ်ရုပ်ကြွများကို လှပတင့်တယ်စွာပြုလုပ်၍ အဆောက်အအုံ၏ ဘေးဘက်နံရံများတွင် တပ်ဆင်လေ့ရှိသည်ကို တူးဖော် သုတေသနတွေ့ရှိချက်များအရသိရှိရပါသည်။ ဤကဲ့သို့ စတင်ပြုလုပ်တတ်လာသည်မှာ ပျူခေတ်အစောပိုင်း ကာလထက် ပျူခေတ်အလယ်ပိုင်းကာလ ဘာသာ သာသနာအားကောင်းလာသည့်အချိန်တွင် ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗိဿနိုးမြို့ဟောင်း၏ တူးဖော်တွေ့ရှိချက်များတွင် ဘာသာရေး အဆောက်အအုံများ ရှိသော်လည်း ယင်းနှင့်ယှဉ်တွဲ၍ မြေမီးဖုတ်ရုပ်ကြွများကို တွေ့ရှိရမှုမှာ အလွန်နည်းပါးပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2021

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်