(၃-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
(၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၀၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၈၇၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၆၁,၉၈၃) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၃,၀၈၇) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၆၁၁) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၃၈,၀၂၆) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၀) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၃,၃၈၄) ဦး ရှိပါသည်။
#Ministry of Health and Sports, Myanmar