ဗီဇပြောင်းကိုဗစ် - ၁၉ ကူးစက်မှုများ ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိရာ ထုတ်လုပ် ပြီးသား ကာကွယ်ဆေးများမှာ ဗီဇပြောင်းကိုဗစ် -၁၉ ကို ကာကွယ်နိုင်စွမ်း ရှိ မရှိ စိုးရိမ်နေကြရသည်။
မျှော်လင့်ချက် ရောင်ခြည်သန်းစေ
Johnson & Johnson ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဗီဇပြောင်းဒယ်လ်တာကို အစွမ်းထက်စွာ ကာကွယ် နိုင်စွမ်းရှိသည်ဟု လေ့လာမှုတစ်ခုအရ သိရသည်။ စီးပွားရေးကောင်းမွန်သော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကူးစက်မှု တစ်ရှိန်ထိုး တိုးလာနေခြင်းကြောင့် စိတ်ပူပန်နေရပြီး Johnson ကိုဗစ်-၁၉ ကာကွယ်ဆေးသည် - ဗီဇပြောင်း ဒယ်လ်တာကို ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု လေ့လာထားရှိမှုကြောင့် မျှော်လင့်ချက်ရောင်ခြည်သန်း စေသည်။ဓာတ်ခွဲခန်းလေ့လာမှုတွင် ပါဝင်ခဲ့သည့် Johnson & Johnson ကာကွယ်ဆေးထိုးပြီးသား လူရှစ်ဦး၏ သွေး
နမူနာများကို လေ့လာမှုပြုရာ ဗီဇပြောင်းဒယ်လ်တာကို ခုခံကာကွယ်နိုင်သည်ဟု တွေ့ရသည်။
ကာလရှည်ကြာ ကာကွယ်ပေးနိုင်
အစောပိုင်းက ပြုလုပ်ထားသည့် လက်တွေ့စမ်းသပ်မှုများအရ Johnson & Johnson ကာကွယ်ဆေးသည့် ရောဂါလက္ခဏာပြသည့် ကူးစက် မှုများကိုလည်း ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးသည်ဟု သိရသည်။
Johnson & Johnson ကာကွယ်ဆေးမှာ ဗီဇပြောင်းဒယ်လ်တာကို ကာကွယ်ပေးနိုင်သည့်အပြင် ကိုဗစ်၁၉ ကိုလည်း ကာလရှည်ကြာ ကာကွယ်ပေးနိုင်သည်ဟု ယုံကြည် " ကြောင်း Johnson & Johnson မှ သိပ္ပံ ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်သည့် ပေါလ်စတော့ဖီးက ပြောသည်။ Johnson & Johnson ကာကွယ်ဆေးကို တစ်ကြိမ်မျှထိုးရုံဖြင့် ဗီဇပြောင်းများကို ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု လက်တွေ့စမ်းသပ်မှုများက ပြသလျက်ရှိကြောင်း ၎င်းကဆက်ပြော သည်။
ဖော်ညွှန်းပြသလျက်ရှိ
ယခုအချိန်အထိဖော်ပြလျက်ရှိသည့် အချက်အလက်များအရ အမေရိကန်ကခွင့်ပြုပေးထားသည့် ကာကွယ်ဆေး သုံးမျိုးမှာ ဗီဇပြောင်းကိုဗစ် - ၁၉ ကို ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟုဖော်ညွှန်း ပြသလျက်ရှိသည်။
ခေတ္တဆိုင်းငံ့
မကြာသေးမီ သီတင်းပတ်များ အတွင်းကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည် ကိုဗစ် -၁၉
ကြောင့် အကြီးအကျယ်ထိခိုက်ခံစားနေရ သည့် ဘရာဇီးနိုင်ငံကို ကာကွယ်ဆေး ၅ ဒသမ ၅ သန်း ပေးပို့သွားမည်ဟု ကြေညာခဲ့သည်။ Johnson & Johnson ကာကွယ်ဆေးထိုးနှံပြီးနောက် သွေးခဲသည့်ပြဿနာပေါ်ပေါက်သည့်ဟု သတင်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း ရှားပါးသည့်ဖြစ်စဉ်ဖြစ်သည်။
ယင်းသတင်းကြောင့် အမေရိကန် ပြည်ထောင်စုတွင် ဧပြီလအတွင်းမှ စတင် ကာ အဆိုပါကာကွယ်ဆေးထိုးပေးမှုကို ခေတ္တအားဖြင့် ဆိုင်းငံ့ထားခဲ့ရသည်။
သတိပေးမှုများပြုလုပ်
အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဌာနတို့၏ လုံခြုံစိတ်ချရသော လေ့လာသုံးသပ်မှုများပြီးနောက် ယင်းသို့ ဆိုင်းငံ့ထားမှုကို ဖြေလျှော့ပေးခဲ့ သည်။
ဥရောပတွင် ကိုဗစ် -၁၉ ကူးစက်မှု များ ပြန်လည်များပြားလာသည့် အတွက် ယူရိုဘောလုံးပြိုင်ပွဲများကို သတိထားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက အလေးအနက် သတိပေးခဲ့ သည်။
ကူးစက်မှုများပြန်လည်များပြားလာ
ကမ္ဘာအနှံ့ ဒယ်တာကူးစက်မှု မြင့်မားနေချိန်တွင် ယခုလိုသတိပေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဥရောပ | တစ်လွှား ယူရိုဘောလုံးပြိုင်ပွဲ ကြည့်ရှုသူများသည့် နေရာများတွင် ရာနှင့်ချီသည့် ကူးစက်မှုများကို တွေ့လာရသည်။ လာမည့်သီတင်းပတ်အတွင်း ယူရိုအကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲကျင်းပမည့် ဗြိတိန်တွင်လည်း ကူးစက်မှုများ
ပြန်လည်များပြားလာသည်။
ဆက်လက်များပြားနေဆဲ
ဗြိတိန်တွင် ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးပေးမှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးနေသော်လည်း ကူးစက်မှု များမှာ ဆက်လက်များပြားနေဆဲဖြစ် သည်။ အကယ်၍ စည်းကမ်းတင်းကျပ်မှုများ မပြုလုပ်ပါက ဥရောပတွင် ကူးစက်မှုလှိုင်း တစ်ဖန်ဖြစ်ပေါ်လာမည်ဟု ကုလသမဂ္ဂအေဂျင်စီမှ ညွှန်ကြားရေးမှူး ဟန့်စ်ကလူဂီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။ ။
ကိုးကား - အေအက်ဖ်ပီ၊ ဝါရှင်တန်ပို့စ်