Oct 08, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။
Oct 08, 2021
ပုဂံဒေသအမျိုးသား အဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို ပုဂံရှေးဟောင်းသုတေသ နပြတိုက်၌ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပသည်။
Oct 08, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် Indo-ASEAN Business Summit & Expo သို့ တက် ရောက်အမှာ စကားပြောကြားသည်။
Oct 08, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမတက္ကသိုလ် (သန်လျင်)၊ သမဝါယမကောလိပ် (ဖောင်ကြီး)၊ သမဝါယမအသင်းစုချုပ်၊ မြန်မာ့လက်မှုအနုပညာစင်တာ၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း၊ စက်မှုလက်မှုအလုပ်ရုံ တို့မှ တာဝန်ရှိသူများ နှင့် အောက်တိုဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံး၌ တွေ့ဆုံသည်။
Oct 08, 2021
မွန်ပြည်နယ် ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Oct 08, 2021
ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်း နှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ် ကိုယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီရှစ်ခုမှ အိမ်သုံးဆေးဝါး ၁၀၉ မျိုး ရောင်းချပေးခဲ့သည်။
Oct 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း
Oct 08, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
Oct 08, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ မြဝတီကုန်သွယ်ရေး စခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှယာဉ်စီးရေနှစ်စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) ၂၁၉၀ နှင့် အောက်ဆီဂျင်ထုတ်စက် နှစ်ခုတင်သွင်းခဲ့သည်။ အောက်ဆီဂျင်ထုတ်စက် နှစ်ခုမှာ ရန်ကုန်မြို့ နှင့် ကျုံဒိုးမြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
Oct 08, 2021
ပြည်ပနိုင်ငံအသီးသီးသို့ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ လူမှုကူညီရေး အသင်းအဖွဲ့များမှ တစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးသို့ စက်တင်ဘာ ၁၃ ရက်တွင် ဆက်သွယ်လာခဲ့သည့် မြန်မာနိုင်ငံသားခြောက်ဦးအနက် သုံးဦးကို စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိရန် ကျန်ရှိ သည့် သုံးဦးကို ယနေ့တွင် ပြန်လည်ခေါ်ဆောင်ပေး နိုင်ခဲ့ကြောင်း သိရှိရသည်။
Oct 08, 2021
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော ဝန်ထမ်းမိသားစုများနှင့် လူပျို၊ အပျိုဆောင်များတွင် နေထိုင်ကြသည့် ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဈေးအသီးသီးသို့ သွားရောက်ဝယ်ယူရန်မလိုဘဲ လွယ်ကူအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ မော်တော်ယာဉ်နှစ်စီးဖြင့် ဝန်ထမ်းအိမ်ရာများအရောက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်နှင့် သား/ငါးများကို သင့်တော်သောဈေးနှုန်း၊ အလေးချိန်ခွင် ပြည့်မီမှန်ကန်စွာဖြင့် နေ့စဉ် လှည့်လည်ရောင်းချ ပေးလျက်ရှိသည်။
Oct 08, 2021
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနအဖွဲ့ အစည်းများပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက် မည့် လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
Oct 08, 2021
အာဆီယံ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) က ပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
Oct 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေအမှတ် (၂၆/၂၀၂၁)ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ အမျိုးသားစီမံကိန်းဥပဒေကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ ဤ ဥပဒေသည် ၂၀၂၁-၂၀၂ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တို ဘာလ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒုတိယ(၆)လတာကာလအတွက် ဆောင်ရွက်ရမည့် အမျိုးသား စီမံကိန်းဥပဒေဖြစ်သည်။
Oct 08, 2021
မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်တစ်ခု ကိုင်ဆောင်ထားကြရမည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် နေထိုင်သော နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သက်သေခံအထောက် အထားတစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားအရည်အချင်းနှင့် ပြည့်စုံသော နိုင်ငံသားတစ်ဦးအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦးအနေဖြင့် ခိုင်မာသောအထောက်အထားတစ်ခုကို ကိုင်ဆောင် ထားခြင်းက စည်းကမ်းနှင့်အညီ နေထိုင်ခြင်းလည်းဖြစ်သည်။
Oct 07, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. စက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုသည်။
Oct 07, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ ရန်ကုန် မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 07, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
