Skip to main content

မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံအပန်းဖြေဥယျာဉ် ပန္နက်တင်မင်္ဂလာပြုလုပ်

 

နေပြည်တော် အောက်တိုဘာ ၂

 

မန္တလေးတိုင်းဒေသကြီး မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံအပန်းဖြေဥယျာဉ် ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ နန်းမြို့ရိုးတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တင်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက်တာဝန်ရှိသူများက ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့အား ရတနာပုံ  အပန်းဖြေဥယျာဉ် တည်ဆောက်မည့်အခြေအနေနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကြသည်။

 

အဆိုပါ ရတနာပုံအပန်းဖြေဥယျာဉ်အား အရှေ့အရပ်တွင် ဦးထိပ်ရတနာပုံဥယျာဉ်၊ အနောက်အရပ်တွင် စည်ရှင်ရတနာပုံဥယျာဉ်၊ တောင်အရပ်တွင် ကျော်မိုးရတနာပုံဥယျာဉ်နှင့် မြောက်အရပ်တွင် လေးသိန်းရတနာပုံ ဥယျာဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်