Skip to main content

လားရှိုးမြို့၊ မင်္ဂလာဒုံမြို့နယ်နှင့် ပုသိမ်မြို့တို့ရှိ တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်း တို့၌ တက်ရောက် ဆေးကုသမှုခံ ယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၂၂

   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေ များအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

   

ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများ အတွင်း လှည့် လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်