Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေး ပွဲကျင်းပ


နေပြည်တော် နိုဝင်ဘာ ၆

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲ အခမ်းအနား ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးတင်ဆွေ က ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၃၀-၃၁ ရက်နေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အမျိုးသား ညီလာခံ၌ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးက အစည်းအ ဝေးပွဲတွင် တစ်ချိန်၌ ကမ္ဘာပေါ်တွင် အချိုးကျကိုယ်စားပြု မှုစနစ်ကို နိုင်ငံတော်တော် များများ၌ လက်ခံကျင်းပနေကြ ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မဲဆန္ဒနယ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ပြီး ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် အညီ လိုအပ်တဲ့ ဥပဒေများကို ပြဋ္ဌာန်းပေးရန်ပြောကြားခဲ့ကြောင်း၊ ယခု ပြည်သူ့လွှတ်တော်၌ PR System ကို ကျင့်သုံးစေခြင်းသည် အုပ်ချုပ်ရေးအကြီးအကဲ (သမ္မတ)ကို ရွေးချယ်ရာ၌ ခုံအများစုရှိသော ပြည်သူ့လွှတ်တော် ( ၃၃၀ ခုံ) တွင် နိုင်ငံရေးယဉ် ကျေးမှုတစ်ရပ် ကောင်းမွန်စွာ ပေါ်ပေါက်နိုင်ပြီး အစိုးရကောင်းနှင့် ဥပဒေပြုလွှတ်တော်ကောင်း တစ်ရပ် ပေါ်ထွန်းပြီး ခိုင်မာသော အစိုးရတစ်ရပ်နှင့် မတူညီမှုများကို ပေါင်းစည်းနိုင်ရန် ဟု ယုံကြည် ပါကြောင်း ဆွေးနွေးသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ဇင်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေးကိစ္စသည် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့်  သက်ဆိုင်သည့် အပြင် နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေး ဖြစ်စဉ်များနှင့် လည်း သက်ဆိုင်နေကြောင်း၊ သမိုင်း၏တောင်း ဆိုမှုအရ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု သစ်ဆီသို့ အရောက်ချီတက်မည်ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး သည် မရှိမဖြစ် ဖြတ်ကျော် ရမည့် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတွင် နိုင်ငံတော် တည်ဆောက်ရေး (State Building) သာမက ဒီမိုကရေစီစရိုက်လက္ခဏာများပါဝင်သည့် တိုင်းရင်းသားပေါင်းစုံ၏ အမျိုးသားနိုင်ငံတော် (Nation Building) တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ရေးကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေးအတွက် လွှတ်တော် အသီးသီး တွင် အားလုံးပါဝင်စေသော ကိုယ်စားပြုမှုကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ထွန်းလာရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်သည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR) ဖြစ်ပေါ်လာရေးကို ၂၀၁၂ ခုနှစ်မှ စတင်ကြိုးပမ်းခဲ့ကြောင်း ဆွေးနွေးသည်။

ပြည်မြို့မှ ဦးသိန်းဇော်က ခေတမီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက် ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အများပြည်သူက နားလည်လက်ခံသော ဆန္ဒ မဲပေးမှုဖြစ်စေရန် ကိုယ်စားလှယ်လောင်းများ၏ ကြိုးပမ်းအားထုတ်မှု ပါဝင်စေရန်နှင့် ယခင် ဆန္ဒမဲပေးမှုပုံစံမှ များစွာ ကွဲလွဲသွားမှု မရှိ စေရန် အတွက် ရည်ရွယ်၍ တင်ပြရခြင်း ဖြစ်ကြောင်း ပြောကြားပြီး PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ရွေးကောက်ပွဲစနစ် ဒီဇိုင်းများကို အသေးစိတ်ရှင်း လင်းဆွေးနွေးပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်သိန်းက PR စနစ်ကျင့်သုံးခြင်း ဖြင့် ပါတီငယ်လေးများ၊ တိုင်းရင်းသားမျိုးနွယ်စုငယ်လေးများ လွှတ်တော်တွင်း ဝင်ရောက် နိုင်မှု အခွင့်အရေး ပိုမိုရရှိလာနိုင်ခြင်း၊ မဲဆန္ဒရှင်တစ်ဦးချင်း၏ အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှုမရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများအပေါ် ပြည်သူစိတ်ဝင်စားမှုရှိလာပြီး မဲလာပေးမှု ( Turn Out ) ကောင်းလာနိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှု (All Inclusive) ပိုမိုရရှိလာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ် (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေးကို လက်တွေ့ ကျင့်သုံးလာနိုင်ခြင်း၊ ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျော့ချနိုင်ခြင်း ကို ဒီမိုကရေစီ အာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးစီးပွားတွေကို ရရှိလာ နိုင်ကြောင်း၊ အချိုးကျကိုယ် စားပြုစနစ် (PR System) ရွေးကောက်ပုံစံသစ်ကို အရေးပေါ် ကာလ လုပ်ငန်းတာဝန်များ ပြီးဆုံးပြီးနောက် ကျင်းပမည့်ရွေးကောက်ပွဲတွင် စတင် အသုံးပြု နိုင်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသည်။

ဒီမိုကရေစီပါတီသစ် (ကချင်)မှ ဦးခေါတိန့်က ပြီးခဲ့သည့် ရွေးကောက်ပွဲကာလများကို ကြည့်မည်ဆိုပါ က ရွေးကောက်ပွဲစနစ်အားနည်းခြင်း၊ လူဦးရေအချိုး အစား ကွာဟမှု၊ မြို့နယ်  များကိုသာ အခြေခံနေခြင်းများအပြင် ယာယီရွှေ့ပြောင်းနေထိုင်သော မဲဆန္ဒရှင်များနှင့် ပတ်သက်၍ နည်းဥပဒေအား နည်းမှုများ ကြောင့် ရွေးကောက်ပွဲတွင် ပါတီကြီး (၂) ခုကသာ တစ်လှည့်စီအာဏာရရှိစေပြီး တစ်ပါတီအာဏာရှင်စနစ် ဖြစ်ပေါ်မှုသာ အားကောင်းခဲ့ပြီး တိုင်းရင်းသားလူ နည်းစုပါတီငယ်များအတွက် အခွင့်အရေးများ နည်းပါးခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး မည်ဟု ဆိုသဖြင့် လွှတ်တော်အတွင်း ပါတီစုံပါဝင်နိုင်ရေးအတွက် PR စနစ်ကို ပြောင်းလဲ ကျင့်သုံးရန် လိုအပ်လာပြီဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးမည်ဆိုပါက အရိုးရှင်းဆုံး၊ အလွယ် ကူဆုံး စနစ်တစ်မျိုးဖြစ်နိုင်ရန် လိုအပ်သလို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များ၊ ရှိရင်းစွဲ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များအပေါ် အခြေခံသော မဲဆန္ဒဇုန်များ သတ်မှတ်ပေးခြင်း နှင့် တိုင်းရင်းသားလူနည်းစုများအတွက် အခွင့်အရေး နစ်နာမှုမရှိသော စနစ်မျိုးဖြစ်နိုင်ရေး စဉ်းစားပေးရန်ဆွေးနွေးပြောကြားပြီး မဲဆန္ဒနယ်များခွဲဝေ နိုင်ရေး အကြံပြု ဆွေးနွေးခဲ့သည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းထိုက်ထိုက်ဝင်းကျော်က မြို့နယ်နှင့် လူဦးရေ ကိုအခြေခံသော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ (PR) စနစ်၊ ပြည်နယ်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ရွေးကောက်မည့်စနစ်များကို ဆွေးနွေးခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခြင်းအားဖြင့် မဲမသမာမှုများကို ကြိုတင်ရှောင်ရှားနိုင်မည့်အပြင် လွတ်လပ်၍ မျှတခြင်းကို ဖော်ဆောင်နိုင်ရုံသာမက ပါဝင်မှုအခန်းကဏ္ဍနှင့် ကိုယ်စားပြုမှု စုံလင်သည့် လွှတ်တော်အခင်း အကျင်းတစ်ခုကို ပေါ်ပေါက်လာစေရန် ရည်ရွယ်ပါကြောင်း ဆွေးနွေး သည်။

အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီမှ ဒေါ်ဝင်းကေခိုင်အေးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ကိုလိုနီခေတ်ကာလ၊ လွတ်လပ်ရေးရပြီး ပါလီမန်  ခေတ်ကာလ၊ ၂၀၁၀ မှ ၂၀၂၀ ဒီမိုကရေစီကာလများတွင် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲစနစ် မှာ နိုင်သူအကုန်ယူ Winner takes all (FPTP) စနစ်များသာဖြစ်ကြောင်း၊ သို့သော်လည်း FPTP စနစ်၏ အားနည်းချက်ကြောင့် လွှတ်တော်အတွင်း အနိုင်ရပါတီတခုတည်းက လွှမ်းမိုး ခြင်း၊ ထိုအနိုင်ရပါတီ၏ အကျိုးကို လွှတ်တော်အတွင်းဖော်ဆောင်၍ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုလာခြင်း၊ လွှတ်တော်တွင် တိုင်းရင်းသားပါတီများ၏ အသံ (Voice) ထွက်ခွင့်

ပါတီစုံပါဝင်ခွင့်မရသဖြင့် ကျန်ပါတီများကို ထောက်ခံသော ပြည်သူများက ပေးခဲ့သောမဲများ Waste ဖြစ်ခြင်းစသည့် ဆိုးကျိုးများခံစားခဲ့ရကြောင်း။

တိုင်းရင်းသား ၁၃၅ မျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံး မှသာလျှင် ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးများ ၏အကျိုးစီးပွားကို သိရှိဖော်ဆောင် နိုင်မည်ဖြစ်ပါကြောင်း တိုင်းရင်းသားများ လိုလားတောင့်တနေသည့် Federal ဆိုင်ရာ အခွင့်အရေးများကို လွှတ်တော်လမ်းကြောင်းမှ ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားအစုံအလင် ပါတီအစုံအလင်ပါဝင်သော သက်တန့်ရောင်စုံလွှတ်တော် ဖော်ဆောင်ခြင်းသည်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရာရောက်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို ပျိုးထောင်ရာလည်း ရောက်သောကြောင့် အချိုးကျကိုယ်စားပြု စနစ် (PR) ကို ရွေးကောက်ပွဲတွင် ကျင့်သုံးသင့်ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ စိတ်ပါဝင်စား သူများမှ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆွေးနွေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မဲဆန္ဒနယ် ပြန်လည် သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မဲဆန္ဒနယ် များသတ်မှတ်ရာတွင် အကြံပြုလာကြောင်း၊ ကန့်သတ်ချက် များရှိ၍ အကောင်းဆုံးဖြစ်အောင် သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယခုဆွေးနွေးပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တတိယအကြိမ်တွေ့ဆုံခြင်းပင်ဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲများတွင် ရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်း၍ သဘောတူခဲ့ပြီး ယခုတတိယအကြိမ်သည် PR ဒီဇိုင်း မည်သို့ဆောင်ရွက်မလဲ၊ မြန်မာနိုင်ငံနှင့်ညီညွတ်သည့် PR စနစ် ကျင့်သုံးနိုင်ရန် ဆွေးနွေး အကြံပြုချက်တောင်းခံခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား (၁၃၅) မျိုးလုံးအတွက် လုံခြုံမှု အာမခံမှုရှိနိုင်ရန်၊ ဥပဒေနှင့် အုပ်ချုပ်ရေးများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စဉ်းစားပေးရန် လိုကြောင်း၊ စည်းရုံးစွမ်းဆောင်ရွက်နိုင်မှု အပေါ်မူတည်ပြီး နယ်မြေလုံခြုံတိုးတက်မည်ဖြစ်ပြီး နိုင်ငံလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

နောက် တစ်လ / နှစ်လတွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများကို ဖိတ်ကြား၍  တက်ရောက်လာသူများကို အဖွဲ့များ စုဖွဲ့၍ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအတွက် ရွေးကောက်ပွဲစနစ် ဒီဇိုင်း များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအကြံပြုဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အချိန်ပြည့်စဉ်းစား ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲစာတမ်းများလည်း ပြုစုလျက်ရှိကြောင်း၊ နိုင်ငံရေးပါတီ များမှ ရရှိသည့်အကြံဉာဏ်များနှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံကောင်းအောင်စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲ ဒုတိယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီ ( ၅၁ ) ပါတီမှ ကိုယ်စားလှယ်( ၉၂ )ဦး၊ စိတ်ပါ ဝင်စား ၍ တက်ရောက်သူ အရပ်ဘက်ကိုယ်စားလှယ် ( ၁၈ )  စုစုပေါင်း ( ၁၁၀ ) တက် ရောက်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ် )