နေပြည်တော် နိုဝင်ဘာ ၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှနှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ(၃)ခုမှ ယာဉ်စီးရေ (၁၅) စီးဖြင့် နှာခေါင်းစည်း Mask (၁၀၅) တန် တင်သွင်းခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ (၁) ရက် မှ (၆) ရက်အတွင်း ကုမ္ပဏီ (၁၅)ခုမှ ယာဉ်စီးရေ(၃၄)စီးဖြင့် အောက်ဆီဂျင် အရည်(Bowser)ယာဉ်ဖြင့်(၈၀)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့(Bowser)ယာဉ်ဖြင့်(၆) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၆၃၈)ခု၊ OxygenPlant(၂)ခု၊ Oxygen Generator(၆)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၃၀)၊ PPE ဝတ်စုံ (၆၃၆၀)၊ လက်အိတ်(၉)တန်နှင့် နှာခေါင်းစီး(Mask) (၁၈၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ (၁) ရက်မှ (၆) ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်စုစုပေါင်း(၅)စီးမှာ ရန်ကုန်မြို့သို့ (၂)စီး၊ မော်လမြိုင်မြို့သို့ (၂)စီးနှင့် နေပြည်တော် သို့ (၁)စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း (၂) ခုမှာ ရန်ကုန်မြိုသို့ ဖြစ်ကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေး လျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့်အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်းသိရသည်။
(သတင်းစဉ်)