Skip to main content

Nov 22, 2021

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း၌ စိုက်ပျိုးထားသော စားဖိုဆောင် ပဲတိုင်ထောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့် ဦးတည်ချက်များ

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်း တွင် မှော်ဘီမြို့နယ် ဆန်စပါး သုတေသနဌာန မြေနေရာဝင်း အတွင်း ဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့် စီမံကိန်းလုပ်ငန်းခွင်၌ မြေသားအကြို အနည်ထိုင်ကန်တည် ဆောက်ပြီးစီးမှု၊ ရေဝင်မြောင်း တူးဖော်နေမှု၊ ရေတွန်းစက်ရုံ Basement Wall သံချည်သံကွေး လုပ်ငန်းနှင့် ရေဂိတ်တံခါး Base Slab Lean Concrete လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရေတွန်း စက်ရုံဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးမှု၊ ပြည်လမ်းတစ်လျှောက် 1600 mm HDPE ပိုက်ဆက်သွယ် ခြင်းလုပ်ငန်းနှင့် ဖူးကြီး-လှော်ကား ၆၀ လက်မ ကွန်ကရစ်ပိုက်သို့ ဆက်သွယ်ရန် လုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံ တို့ကိုပြန်လည် ကုစားသွားနိုင်ရေးဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှေ့တန်းကျစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေး ဆရာများ၏အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသော စာရေးဆရာကြီး၊ ဆရာမကြီးများအား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက် ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် ခဲ့သည့် NLD ပါတီဝင်၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ ဗိဿနိုးနယ်မြေ PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင်အား နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ နောင်ဘိုကျေးရွာအနီး နောင်ဘိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ၊ သာသနိက အဆောက်အအုံများ သန့်ရှင်းသာယာလှ ပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့ (၂) တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့် ဝယ်ယူထားရှိသည့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးစုစုပေါင်း ၃၁သန်း doses နှင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ မိတ်ဆွေနိုင်ငံများ မှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စုစုပေါင်း ၉၁၆၈၈၀၀ doses ရရှိပြီးဖြစ်၍ ဝယ်ယူမှုနှင့် လှူဒါန်းမှုတို့မှ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄၀၁၆၈၈၀၀ doses ရောက်ရှိပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

အဂတိလိုက်စားမှုများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြောင်းပြန် အချိုးကျသည်။ အဂတိလိုက်စားမှု ထူပြောများပြား လေလေနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနိမ့်ကျလေလေဖြစ်ရာ အဂတိလိုက်စားမှုများကို ဟန့်တား ကိုက်ဖျက်နိုင်ရန် လိုအပ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ရေတိုလုပ်ငန်းမျိုးမဟုတ်ဘဲ တစ်မျိုး သားလုံး အကိုင်းအတာဖြင့်ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းမျိုးလည်း ဖြစ်သည်။ ရေရှည် ဆောင်ရွက် သွားရမည်ဟုဆိုရာတွင် နိုင်ငံ၏ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက အဂတိလိုက်စားမှုကို ကိုယ်ကျင့်တရား ပျက်ပြားမှု၊ လူ့အဖွဲ့ အစည်းကို နိမ့်ကျစေသည့်အပြုအမူအဖြစ် သိမြင် ရှောင်ကြဉ်ကြသည့် အခြေအနေသို့ ရောက်ရှိစေရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

သတ္တဝါတို့သည် ပင်ကိုအသိဉာဏ်ဖြင့် အသက်ရှင်သန်ရပ်တည်နေကြသည်။ လူတို့သည် သင်ယူလေ့လာမှု အသိဉာဏ် (ပညာ) ဖြင့် ဘ၀တိုးတက်ရေးကို ဆောင်ရွက်နေကြသည်။ မွေးကင်းစလူဖြစ် လာသည့်အရွယ်မှစ၍ ပတ်ဝန်းကျင်ကို လေ့လာ၍သင်ယူတတ်မြောက်လာကြသည်။ အရွယ်ရောက်စအချိန်တွင် အသက်အရွယ်အလိုက် အသိပညာတိုးပွားစေမည့်ပညာတို့ကို လေ့လာသင်ယူကြရသည်။ လူလားမြောက်သောအရွယ်တွင် အသိပညာ၊ အတတ်ပညာ၊ တီထွင်ကြံဆ၊ ဆင်ခြင် တုံတရားများ မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ကြရသည်။ ပြီးလျှင် မိမိအကျိုး၊ တိုင်းပြည်အကျိုး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန် ထား သော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု ၊ ယာဉ်စီးရေ (၄) စီးဖြင့် နှာခေါင်းစည်း Mask (၃၃) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ (၂၀) ရက် နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃) အထည်စက်ရုံခွဲ (စစ်ကိုင်း) သို့ ရောက်ရှိပြီး စက်ရုံခွဲတာဝန်ခံက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း စက်ပစ္စည်းကိရိယာများ တပ်ဆင်ထား ရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဖြူး - အုတ်ဖြတ် - မုန်းလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် နောင်ချို မြို့နယ် မူဆယ်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ်(၈၀/၄)တွင် ရဲဝင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ထက်ရှိုင်း မောင်းနှင်ပြီး ပိုင်ပိုင်စော လိုက်ပါလာသည့် ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ ရဲဝင်းအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၃ တန်နှင့် နှာခေါင်းစည်း ၂၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ငှက်မျိုးစိတ်များသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဆောင်းခိုရာစားကျက်များသို့ လမ်းကြောင်းကိုးကြောင်းမှ ဝင်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ဆောင်းရာသီသို့ ဝင်ရောက်လာချိန်၌ မိုးယွန်းကြီးဘေးမဲ့အင်းသို့ အာရှဗဟိုလမ်းကြောင်းနှင့် အရှေ့အာရှဩစတြေးလျ လမ်းကြောင်းတို့မှ ဆောင်းခိုငှက်များ ဝင်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်