Nov 23, 2021
“တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံသားတိုင်းတွင် ပြည်ထောင်စု စိတ်ဓာတ်ထားရှိ မွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံစဉ်မှာကြားခဲ့သည်။
Nov 23, 2021
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့တွင် ရတနာပုံ မင်းနေပြည်မှ သီပေါဘုရင်နှင့် မိဖုရားတို့ကို နယ်ချဲ့အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ချိန်မှစကာ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့တို့လက်အောက်သို့ ကျရောက်ခဲ့သည်။ အောက်မြန်မာနိုင်ငံ အနေဖြင့်မူ ၃၃ နှစ်စောကာ အင်္ဂလိပ်လက်အောက် ကျရောက်နေခဲ့ပြီး ရခိုင်နှင့် တနင်္သာရီတို့မှာ နှစ်ပေါင်း ၆၀ ကျော်ပို၍ပင် စော၍ ကိုလိုနီနယ်မြေများဖြစ်ခဲ့သည်။ သူ့ကျွန်ဘဝတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခုမှာ ပညာရေးစနစ်ပင် ဖြစ်သည်။
Nov 22, 2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး မိုင်တိုင်အမှတ် KM-37/38 ကြား ခနောင်တံတားအဆင်းတွင် ယနေ့နေ့လည် ၂ နာရီအချိန်ခန့် က ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 22, 2021
တပ်ကုန်းမြို့နယ် ရေအေးကျေးရွာတွင် ယနေ့မွန်းတည့် ၁၂ နာရီ အချိန်ခန့်က လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်တတ်သူ ဝေဖြိုးအောင်အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
Nov 22, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Nov 22, 2021
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တရားမမှုများ လိုက်ပါဆောင်ရွက်ခြင်း ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 22, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Nov 22, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် စက်မှုဇုန် စွန့်ပစ္စည်းများ သိမ်းဆည်း စုဆောင်းစွန့်ပစ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် အဆိုပါလုပ်ငန်းအတွက်လိုအပ်သည့် လုပ်ငန်း သုံးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်းမပြုဘဲ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် TYTC Services Co., Ltd. သို့ သွားရောက်ကြည့်ရှုအားပေးသည်။
Nov 22, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း (၂) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၃)ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowserယာဉ်(၁)စီးဖြင့် တန် (၂၀)၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (၁) ခုနှင့် နှာခေါင်းစည်း (Mask) (၁၃) တန် တို့ကိုတင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
Nov 22, 2021
စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းများ၏ အရည်အသွေးစီမံခန့်ခွဲမှုသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် virtual စနစ်ဖြင့် ကျင်းပသည်။
Nov 22, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်း ချပေးသည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ (၁၂)သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဒေသအသီးသီးရှိ လက်လီ/ လက်ကားရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး (၄၂၄၀) ကျပ်ဖြင့် နေ့စဉ် ဖြန့်ဖြူးရောင်းချပေးလျက် ရှိသည်။
Nov 22, 2021
လယ်ယာကဏ္ဍတွင် အရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ် အင်အားများ တိုးပွားလာရေးအတွက် အဓိကတာဝန်ယူ လေ့ကျင့်ပျိုးထောင်ပေးကြမည့် စိုက်ပျိုးရေး သိပ္ပံကျောင်းများနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အကောင်းဆုံး ဖြတ်ကျော်နိုင်မည့် နေ့စဉ်လူနေမှုဘဝ ပုံစံသစ်ကို ဖော်ဆောင်ပြီး ထိရောက်သော သင်ကြားမှုပုံစံ၊ လက်တွေ့လုပ်ငန်းခွင်သို့ အသင့်ဝင်ရောက်နိုင်မည့် လေ့ကျင့်မှုပုံစံတို့ဖြင့် သွက်လက်ထက်မြက်စွာ သင်ကြားနိုင်ရေး စီမံဆောင်ရွက်သွားကြစေလိုကြောင်း နိုဝင်ဘာ (၂၁)က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
Nov 22, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံ တိုးချဲ့ (၅)ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့က ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုကို လုပ်ငန်းတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြသည်။
Nov 22, 2021
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 22, 2021
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်သည် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့်် (၂၂) ကြိမ်မြောက် တရားသူကြီးချုပ်များ အပြည်ပြည်ဆိုင်ရာညီလာခံ (WEBINAR of the 22nd International Conference of Chief Justice of the World) သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
Nov 22, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အောက်တိုဘာလ (၁၉)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ကသာမြို့ အ.ထ.က(၁) ကျောင်း၌ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 22, 2021
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ကြသည်။
Nov 22, 2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်)လစာငွေများအား ယနေ့နံနက် ၈နာရီမှစတင်ကာ ကိုဗစ်− ၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိသည်။
Nov 22, 2021
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
