Skip to main content

Nov 24, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ဘွဲ့နှင်းသဘင် ခန်းမအပါအဝင် ၂ နေရာခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ(၄)စီးဖြင့် အောက်ဆီဂျင်အိုးခွံ (၃၀၀)၊ အောက်ဆီဂျင် (Plant) (၂)ခုနှင့် နှာခေါင်းစည်း(Mask) (၂၅) တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင်(Plant)(၂)ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ကွန်ယက်ဖိုရမ် -၂၀၂၁ (ASEAN Plus Three Tourism Training and Education Network–APTTTEN Forum 21) ကို နိုဝင်ဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

(၁၄)ကြိမ်မြောက် အာဆီယံ + ၃ ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ် ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများနှင့် ဈေးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့်အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေလှည့်ကင်း ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့စခန်းများကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များက မြို့နယ်အချို့၌ လက်လုပ်မိုင်း၊ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ်၊ အောက် (၄)လမ်းဆုံရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် အကြမ်းဖက် အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူ များအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် အမရပူရမြို့နယ်၊ မြစ်လောင်း ကျေးရွာအနီး၌ အမရပူရမြို့နယ်၊ ဥယျာဉ်တော်အုပ်စု၊ သရက်တန်းကျေးရွာနေသူ ထိန်ဝင်းအောင်(ခ) တေဇ(၂၇)နှစ်နှင့် ဖြိုးကျော်(ခ)ကျော်ကြီး(၂၁)နှစ်တို့ ၂ ဦးအား ပစ္စတို ၁ လက်၊၉ မမ ကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓားမြှောင် ၁ ချောင်း၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၉၃ ဦး၊ စုစုပေါင်း ၃၈၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၇ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈၈ ဦး၊ အမျိုး သမီး ၁၈၆ ဦး၊ စုစုပေါင်း ၄၇၄ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒီပလိုမာ စာရင်းကိုင် (Diploma In Accounting- DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၁ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်း ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို မိမိတို့ အစိုးရနှင့်အတူ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းအားထုတ်နေကြသည်။ နိုင်ငံတော်နှင့် လူမှု အသိုက်အဝန်းများ တိုးတက် ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း နိုင်ငံ တိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

NUG အကြမ်းဖက်အဖွဲ့အစည်း၏ ရန်ကုန်တိုင်းတာဝန်ခံ မောင်ကျော် (ခ) ဖြိုးဇေယျာသော်ကို ဖော်ထုတ်ဖမ်းဆီးမိလိုက်ခြင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံဖြစ်ပေါ်လာဖွယ်ရှိသော အကြမ်းဖက်မှုဖြစ်စဉ်များကို ရပ်တန့်သွားစေသည်။ NUG မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ် တို့ကစေခိုင်းသည့် အကြမ်းဖက်လုပ်ငန်း (Mission) များကို ဖြိုးဇေယျာသော် ဦးစီးသည့် Special Tesk Force (STF) နှင့် People Defence Force (PDF) အကြမ်းဖက်အဖွဲ့အစည်းတို့က မြေပြင်တွင် အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။ မောင်ကျော် (ခ) ဖြိုးဇေယျာသော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် တရားခံ ကျားမ စုစုပေါင်း ၅၀ နှင့် လက်နက်ငယ် အတို အရှည် ရာနှင့်ချီ၍၊ ဗုံးသီးများ၊ ဗုံးများ၊ မိုင်းများ၊ ယမ်းများ၊ သောင်းနှင့်ချီသည့် ကျည်ဆန်များ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်ရေး စာရင်းများအပါအဝင် လူနှင့် လက်နက်ခဲယမ်းပမာဏမှာ ကြီးမားသည့် ပမာဏဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၌ ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် ၃ နေရာ ခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်