Skip to main content

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း၌ စိုက်ပျိုးထားသော စားဖိုဆောင်ပဲတိုင်ထောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း

နတ်မောက်    နိုဝင်ဘာ  ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း၌ စိုက်ပျိုးထားသော စားဖိုဆောင် ပဲတိုင်ထောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

နတ်မောက်မြို့နယ်၏ ရာသီဥတုနှင့်ကိုက်ညီမှုရှိသည့် စားဖိုဆောင်ပဲတိုင်ထောင် သီးနှံစိုက်ခင်းကို တောင်သူအသိပညာပေး သရုပ်ပြစိုက်ပျိုးပြသထားရာ ဒေသနှင့်ကိုက်ညီမှုရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ထိုသို့စိုက်ပျိုးခြင်းဖြင့် ဆောင်းရာသီတွင်အာဟာပြည့်ဝပြီး လွယ်လင့်တကူ စိုက်ပျိုးစားသောက်နိုင်ရန်၊ တောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရန်၊ တစ်ပိုင်တစ်နိုင် မိမိအိမ်ခြံဝန်းအတွင်း စိုက်ပျိုးပါက မိသားစုအပိုဝင်ငွေ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးတောင်သူများ လက်တွေ့သိရှိနိုင်စေရန် ယခုလိုတောင်သူအသိပညာပေး သရုပ်ပြစိုက်ခင်းများ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းမြတ်