Nov 19, 2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မင်္ဂလာဒုံ မြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား အမည် (စိစစ်ဆဲ) ကျား ၃ ဦး မောင်းနှင် လာသည့် Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁ ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများ အသီးသီး ရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Nov 19, 2021
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည့် NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဉက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန် ခဲ့သော တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Nov 19, 2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးနုယဉ်လမ်းနေ ဦးသိန်းအောင်သည် ဇနီးနှင့်အတူ အိမ်ရာဝင်း အတွင်း လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းအောင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
Nov 19, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Nov 19, 2021
ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်မှစ၍ ခေတ္တ ပိတ်ထားခဲ့ရသော လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို ကျောင်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိ က မူလတန်းကြို ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော်မတီ၏ အတည်ပြုချက်အရ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ နိုဝင်ဘာ ၁၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
Nov 19, 2021
မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ်ဆေးဝယ်ယူ ရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ်ငွေစာရင်း OA 013733 သို့ ၈-၁၁-၂၀၂၁ ရက်မှ ၁၉-၁၁-၂၀၂၁ ရက်အထိ ပြည်တွင်း / ပြည်ပ အလှူရှင်များမှ ထည့်ဝင် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် ၀ ဒသမ ၅၁၀ သန်း ဖြစ်သည်။ ၁၉-၁၁-၂၀၂၁ ရက်အထိ ရန်ပုံငွေစာရင်း၏ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-
Nov 19, 2021
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွား နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့နံ နက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19, 2021
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ) ၏ ၁၇-၁၁-၂၀၂၁ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်း (Situation of Human Rights of Rohingya Muslims and other minorities in Myanmar) ကို မဲမခွဲဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။
Nov 19, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စု များဖြစ်သည့် CRPH ၊ NUG၊ PDF စသည့် အဖွဲ့အစည်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်များအား အကောင်ထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်စေရန်၊ အစိုးရ၏အုပ်ချုပ်ရေး ယန္တားများ ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးစေရန်အတွက် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်း အမျိုးမျိုးပြ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦး ခန့် သေဆုံးခဲ့ရပြီး ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
Nov 19, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ ထုတ်လွှင့် ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 19, 2021
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။
Nov 19, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးယား ဟိုတယ်ခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။
Nov 19, 2021
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူသောနေ့ထူး နေ့မြတ်ဖြစ်သည်။
Nov 19, 2021
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသောနိုင်ငံဖြစ်သည်။ သမိုင်းအစဉ်အဆက် နှစ်ပေါင်းထောင်ချီ၍ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မရှိအတူ ရှိအတူ အေးအတူပူအမျှ နေထိုင်ကြသည်။ အစဉ်အဆက်ကျင့်သုံးခဲ့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့် နှစ်လိုဖွယ်နေထိုင်ခဲ့သည်။ ဗုဒ္ဓသာသနာသည် မြတ်စွာဘုရားရှင် ပေါ်ထွန်းပြီးနောက် ပုဂံခေတ်မှ စ၍ ဘာသာ၊ သာသနာထွန်းကားလာခဲ့သည်။
Nov 19, 2021
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဝံသာနုရက္ခိတ၊ အမျိုးဘာသာသာသနာ စသည်ဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ခြင်းက အဦးအစဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၊ မြန်မာအမျိုးသားတစ်ရပ်လုံး တိုင်းတစ်ပါးသားတို့၏လက်အောက် ကျရောက်နေပြီး ဖိနှိပ်ခံ၊ အနှိမ်ခံလူမျိုးများအဖြစ် နေထိုင်ခဲ့ရသည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ကာလက မိမိတို့ ဘိုးဘေးများ၏ ခံစားချက်များကို မျက်မှောက်ခေတ်မျိုးဆက်တို့ သိမြင်ပြီး နားလည်ခံစားနိုင်ရန် လိုအပ်သည်။ နယ်ချဲ့ဗြိတိသျှ တို့သည် အုပ်စိုးခံ မြန်မာတို့ကို လူလူချင်းအတူတူ၊ တန်းတူ ရည်တူဟူ၍ သဘောမထားခဲ့သည့်အပြင် အောက်တန်းကျသည့် လူမျိုးများ၊ မယဉ်ကျေးသူများ၊ ပျင်းရိသူများ၊ ဖျင်းအသူများအဖြစ်သာ မြင်ကြသည်။
Nov 18, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Nov 18, 2021
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် လစ်လပ်နေသောဒေသခံ ဩဝါဒါစရိယ ဆရာတော်ကြီးနှစ်ပါးနေရာ ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲ တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ အတွင်း၌ ကျင်းပသည်။
Nov 18, 2021
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြား တော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။
Nov 18, 2021
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မိုင်တိုင်အမှတ် ၂၈၅ နှင့် ၂၈၆ ကြား ကျောင်းကုန်း ကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ကုန်တင်ရထားတစ်စီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 18, 2021
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
