Skip to main content

Nov 27, 2021

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်း နေခြင်းကို မူဆယ်(မန်းဝိန်းဂိတ်)။ ကျင်စန်းကျော့ဂိတ်နှင့် ကြုံကုတ်-ပန်ဆိုင်းဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး တရုတ်နိုင်ငံ ဘက်မှယာယီရပ်ဆိုင်းခဲ့သည့် အပြင် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တင်ပို့တင်သွင်းခြင်း ကိုလည်း ၂၀၂၁ ခုနှစ် ဧပြီလမှ စပြီး ယာယီရပ်ဆိုင်းထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျော့နည်းလာသည့် မြို့နယ်များမှ အခြေခံ ပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်မှစ၍ တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ထိုသို့ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအပေါ် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ က မနာလိုမရှုစိမ့်သည့် စိတ်ဓာတ်ဖြင့် စာသင် ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်” ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား အမျိုးသား ၂ ဦးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သေနတ်ပြခြိမ်းခြောက်ကာ လုယက်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏ အန္တရာယ် ကိုကြောက်ရွံ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ ၃ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများအား ဦးစီးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ၇ ဦး၊ ပေါင်း ၅၀ ဦးအား လက်နက်/ ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၂၀ ရက်တွင်လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် မှ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အချို့ဖော်ထုတ် ရရှိသည့်သတင်းအား နိုဝင်ဘာလ ၂၂ ရက်တွင်လည်း ကောင်း ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေးသို့ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီပေးကာ ကြွရောက်တော်မူလာကြကုန် သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား ဆရာတော်အရှင်မြတ်တို့သည် “ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်မြတ် ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါ စေ”ဟုအာသီ သပတ္ထ နာပြုလျက် နှုတ်ခွန်းဆက်စကား ရှေးဦးစွာ လျှောက်ထားလိုပါ သည်ဘုရား။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့တွင် တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက BOT စနစ်ဖြင့် တည်ဆောက် လျက်ရှိသော လူထုအခြေပြု ဗဟို ဌာန (တောင်ကြီး) အဆောက် အအုံ တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

ဆောင်းဦးကာလ အရှေ့မိုးကုတ်စက်ဝိုင်းထက်ဝယ် ရောင်နီတို့ ထွန်းစပြုလာသည်။ အရုဏ်ဦးသည် တည်ငြိမ်အေးချမ်းပြီး မျှော်လင့်ချက်အသစ်တို့ဖြင့် တလက်လက်တောက်ပလျက်ရှိသည်။ မိမိတို့နိုင်ငံ ၏ ရောင်နီဦးကား စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်နိုင် သော ဒီမိုကရေစီ ပန်းတိုင်ပင်ဖြစ်သည်။ မည်မျှမှောင်မိုက်သည့် လမိုက်ညပင်ဖြစ် လိမ့်ဦးတော့ ရောင်နီဖာ လျှင် လင်းရပေမည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှယာဉ်စီးရေခုနစ်စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၉ တန်၊ အောက်ဆီဂျင်(Plant) ခြောက်ခုနှင့် နှာခေါင်းစည်း (Mask) ၄၇ တန်တို့ကို တင်သွင်း ခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ပြီး အောက်ဆီဂျင် (Plant) ခြောက်ခုမှာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိ သူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed- Related Committee, NSC) ၏ အကြိမ် (၂၀) “မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၌ အွန်လိုင်း စနစ်ဖြင့်ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာ “အောင်ကြီးနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များနှင့် သီးနှံကျွမ်းကျင်ပညာရှင် များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းသည် ယခုရက်သတ္တပတ် အတွင်း နှစ်ရာခိုင်နှုန်းကျော်ကျော်ခန့်သာ ရှိနေသည့်အတွက် ရောဂါကူးစက်မှုကို အကြောင်းပြု၍ ထားရှိခဲ့ရသည့် ကန့်သတ် တားဆီးမှုများလည်း လျှော့ချလာသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ လေးမြို့နယ်၊ ကချင်ပြည်နယ်မှ လေးမြို့နယ်။ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ တစ်မြို့နယ်စီ၊ မန္တလေးတိုင်းဒေသ ကြီးမှ ခြောက်မြို့နယ်နှင့် ရှမ်းပြည်နယ်မှ ကိုးမြို့နယ်တို့ကို မိမိ နေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်တွင် အကျုံး ဝင်ခြင်းမှ ပယ်ဖျက်ပေးလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2021

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ။ တိုင်းတစ်ပါး ကျွန်ဘဝမှလွတ်မြောက်အောင် နှစ်ပေါင်းတစ်ရာကျော် တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ အသက်၊ သွေး၊ ချွေး အမြောက်အမြားပေးဆပ်ကာ ကြိုးပမ်းခဲ့ရသည်။ မြန်မာပြည် ပြန်လည်လွတ်မြောက်ရေးအတွက် များစွာရင်းနှီးပေးဆပ်ခဲ့ရသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်ပြီး သခင်ဘဝသို့ ရောက်ပါပြီလော။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာနိုင်ငံသည် မည်မျှတိုးတက်ပြောင်းလဲအောင်မြင်ခဲ့ပါသနည်း။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဘွဲ့နှင်း သဘင်ခန်းမ အပါအဝင် ၂ နေရာခွဲခြား၍ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး နည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မန္တလေးကွန်ပျူ တာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အာရှပစိဖိတ်အင်ဂျင်နီယာအသင်းများ၏ အသင်းချုပ်၊ Federation of Engineering Institutions of Asia and Pacific (FEIAP)၏ (၁၃)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မလေးရှား နိုင်ငံ ကွာလမ်လာပူမြို့၌ Virtual စနစ် ဖြင့်ကျင်းပရာ Federation of Engineering Institutions of Asia and Pacific ၏ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်