Skip to main content

Nov 26, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Microsoft Office (Excel) ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်း ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)က ဦးဆောင်၍ Ministry of Tourism, Arts & Culture Sarawak နှင့် Sarawak Tourism Board တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Virtual PATA Destination Marketing Forum-2021 ကို နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ် ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေး ရည်ရွယ်ချက်ဖြင့် အာရှနှင့် ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (ACCU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးလူငယ် စာစဉ်များကို ထုတ်ဝေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များ အဖွဲ့ချုပ် (ASEAN Federation of Accountants-AFA) နှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants-MICPA) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံ AFA အတွင်းရေးမှူးရုံးက ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းကိုင် များအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် ညီလာခံသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း နာယကပါမောက္ခဒေါက်တာ ကံဇော် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ လူကိုယ်တိုင် တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ online ကတစ်ဆင့် တက်ရောက်ခြင်းဖြင့် လည်းကောင်း ပုံစံနှစ်မျိုး ပေါင်းစပ်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့နှင့် ခံယူချက်ခြင်း မတူတော့ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့် မြို့နယ်အချို့ရှိ NLD ပါတီဝင်များနှင့် ငွေကြေးထောက်ပံ့ပေးနေသူများအား နိုဝင်ဘာလ ၂၃ ရက်နေ့က လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ပထမနေ့ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်၌ ကျင်းပရာ ဗဟိုကောင်စီဝင် (၆၂)ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (၂၁)ဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ရာ ဗဟိုကောင်စီဝင် (၆၂)ဦး တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

CRPH/NUG အကြမ်းဖက်အဖွဲ့အစည်းတို့မှ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အကြမ်းဖက် PDF များ ဖွဲ့စည်းနိုင်ရန်အတွက် NLD ပါတီဝင်/ အမာခံများ၊ CDM ပြုလုပ်သူများနှင့် အစွန်းရောက်လူငယ်များအား စည်းရုံးလှုံ့ဆော်၍ KNU အဖွဲ့လှုပ်ရှားရာ နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ၎င်းနောက် သင်တန်းတက်ရောက်ပြီး သူများအား နိုင်ငံအတွင်း မြို့ကြီးများသို့ စေလွှတ်၍ အကြမ်းဖက်လုပ်ငန်းများ ညွှန်ကြားဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရ ရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ် အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အိမ်အမှတ်(၂၂)၌ လက်လုပ်မိုင်းစမ်းသပ် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဘဏ္ဍာငွေများ တင်ဆောင်လာသည့် မော်တော်ယာဉ်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား နိုဝင်ဘာလ ၂၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင် ဘဏ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့် ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

တိုင်းရင်းသားလူမျိုးပေါင်းစုံ လူမျိုးစုပေါင်း ၁၀၀ ကျော်တို့ အတူတကွ နေထိုင်ကြသည့် မြန်မာနိုင်ငံတွင် အမျိုးသားရေးအယူဝါဒနှင့် အမျိုးသားရေးစိတ်ဓာတ်မှာ လွန်စွာအရေးကြီးသည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်လည်း ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ ရှိနေကြပြီး တစ်ခုတည်းသော အမျိုးသားရေးစိတ်ဓာတ်များ ထားရှိကာ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ကို ချစ်မြတ်နိုးစွာဖြင့် ပေါင်းစည်းနေထိုင်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိ သူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်