Skip to main content

Dec 02, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ရရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင် ရွက်နေမှု အခြေအနေများအား သွားရောက်ကြည်ညိုကြသည်။ ဦးစွာ ၂၀၂၁ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ရရှိသူများအား ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း က “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထားကိုးကွယ် နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီး တူးဖော်ခဲ့သည့် အခြေအနေ၊ နေပြည်တော်သို့ ပင့်ဆောင်ခဲ့သည့် အခြေအနေ၊ ပလ္လင်တော်နှင့် ကိုယ်ထည်ပိုင်းတို့အား ထုဆစ်ခြင်းနှင့် တွဲဆက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပိဋကတ်သုံးပုံ ကျောက်စာများကို ကျောက်စာချပ်များပေါ်၌ ရေးထိုးပူဇော်နိုင်မည့် အခြေအနေ၊ တည်ဆောက်ပူဇော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

“စွမ်းရည်ပြည့်ဝသော ခေတ်ပညာတတ်လူငယ်လူရွယ်များပေါ်ထွက်လာရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေပါသည်။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက် စာမေးပွဲအောင်ရုံဖြင့် ပညာတတ်သည်ဟု အပြည့်အဝ မဆိုနိုင်ပါ။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန် ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ အောင်မြင်အောင် စွမ်းဆောင်နိုင်မှသာ တကယ့်ပညာတတ်အစစ် ဖြစ်ပါမည်။”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာသည်မှာ ရက်သတ္တနှစ်ပတ်ခန့် ရှိလာပြီ ဖြစ်သည်။ ဤသည်မှာ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ကူညီပံ့ပိုးမှုများအပြင် ပြည်သူ လူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်သည်။ တစ်ဦးချင်း လွတ်လပ်မှု ကိုဦးစားပေးပြီး ကူးစက်မြန် ကပ်ရောဂါနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုတို့ အားနည်းသည့် နိုင်ငံတို့တွင် ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံဖြစ်စေကာမူ ကိုဗစ်-၁၉ ရောဂါ၏ ခြိမ်းခြောက်မှုက မြင့်မား နေဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့၊ နံနက် ၉ နာရီတွင်ကျင်းပခဲ့သည့် (၂ဝ၂၁) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ အောက်ဆီဂျင် (အိုးခွံ) ၃၀၀ အား တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

CRPHနှင့်NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေ ထိုင်ကြသော ပြည်သူ များကိုအကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ် များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံ တော်ပိုင်ပစ္စည်းများနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများအား မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်း များ လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ် များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေး ရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) နှင့်ပတ်သက်၍ အထူးသတိပြုရမည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် သတင်းအဖွဲ့က ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း တွင် Video Conference စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

အကြမ်းဖက်ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများက ကမ္ဘာ့နိုင်ငံများစွာတို့၌လည်း ကြုံတွေ့ နေကြရသော စိန်ခေါ်မှုများ ဖြစ်သည်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများဟု ဆိုရမည့် နိုင်ငံများ၊ လစ်ဘရယ် အတွေးအခေါ် လွှမ်းမိုးသည့်နိုင်ငံများတွင်ပင်လျှင် လူမျိုးရေး၊ ဘာသာရေး မကျေနပ်မှုများ အပေါ် အခြေခံသည့် အကြမ်းဖက်ခြိမ်းခြောက်မှုနှင့် တိုက်ခိုက် သတ်ဖြတ်မှုများ မကြာခဏပေါ်ပေါက် လေ့ရှိသည်ကို နိုင်ငံတကာသတင်းများတွင်တွေ့မြင်ကြရသည်။ တစ်ခါတစ်ရံတွင်လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတို့နှင့် ဘာမှမဆိုင်ဘဲ စိတ်ရူးပေါက် ကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပေါ်တတ်သည်ကိုလည်း တွေ့ရသည်။ လူသတ်လက်နက်များကို အလွယ်တကူဝယ်ယူ ကိုင်ဆောင် နိုင်ခြင်းကြောင့် စိတ်မူမမှန်သူမျိုး၏ လက်ထဲသို့ သေနတ်ရောက်သွားသည့်အခါ တွေ့ရာမြင်ရာကို ပစ်ခတ် သတ်ဖြတ်ကြခြင်းမျိုးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2021

နယ်ချဲ့ဖက်ဆစ်များ၏ကျူးကျော်စစ်ပွဲများကြောင့် ကမ္ဘာစစ်ကြီးဖြစ်ပွားပြီး နိုင်ငံများလွတ်လပ်ရေးဆုံးရှုံးရခြင်း၊ ပြည်ပစွက်ဖက်ကျူးကျော်မှုကြောင့် တိုင်းပြည်ပြိုကွဲ ပျက်စီးရခြင်းအကြောင်းရင်းများတွင် နိုင်ငံတစ်နိုင်ငံသည် တိုင်းပြည်အတွင်း စည်းလုံး ညီညွတ်မှုမရှိခြင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်မရှိခြင်း တို့သည် အဓိကအကြောင်းအချက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်း သည် မိမိနိုင်ငံစည်းလုံး ညီညွတ်ပြီး အင်အားတောင့်တင်းခိုင်မာသော ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင် ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်