Nov 28, 2021
၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
Nov 28, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁ဝ/၂ဝ၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စု
Nov 28, 2021
မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Nov 28, 2021
ငါသယံဇာတများ ရေရှည်တည်တံ့ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်းငါးစားသုံးမှု ပိုမိုဖူလုံလာ စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီက ရေဦးမြို့ ရေဦးမူးမြစ်တံတားအနီး မူးမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခဲ့သည်။
Nov 28, 2021
မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်”ဘဏ်၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် အမျိုးသား ၂ ဦးက ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်အတွင်းဝင်ရောက်၍ ငွေကျပ် သိန်း ၁၀၀၀ ကျော်အား ဓါးပြတိုက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
Nov 28, 2021
အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုကြောင့် ဌာနဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရ
Nov 28, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့၌ ယခင်ရက်ပိုင်း အတွင်း နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လူစုလူဝေး အနည်းငယ်ဖြင့် ဆူပူဆန္ဒပြမှုများ၊ လူမှုကွန်ရက် စာမျက်နှာများပေါ်မှ ဝါဒဖြန့်ချိမှုများနှင့် အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ယခုရက်ပိုင်းကာလ အတွင်း၌ ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် အချို့ယာဉ်လိုင်း များတွင် စီးနင်းလိုက်ပါမှု မပြုရန် လှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိ ရသည်။
Nov 28, 2021
NUG အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်ရန် အတွက် လိုအပ်သော လက်နက်/ခဲယမ်းများအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ချိတ်ဆက်၍ သယ်ယူ ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက်က PDF အကြမ်းဖက် အဖွဲ့ဝင်များ မြဝတီမြို့နယ် ဝှေ့ရှမ်း ကျေးရွာတွင်ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေး ခဲ့ရာ ရှမ်းကျေးရွာအဝင် စားသောက်ဆိုင် (အမည်မရှိ)တွင် ကျော်ဇေယျာလင်း(၄၁)နှစ်၊ ဝေဖြိုးသန့်(၂၄)နှစ်တို့ နှစ်ဦးကို ပွိုင့်-၂၂ ကျည်ဖြင့်ပစ်ရသော ပစ္စတို တစ်လက်၊ ၎င်း ကျည် တောင့် ၁၅၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Nov 28, 2021
ဧရာ၀တီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း၌ နိုဝင်ဘာ ၂၆ ရက် ည ၆ နာရီခွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းဝင်းအတွင်းရှိ ဓနိမိုးထရံကာမြေစိုက် ၃ ခန်းတွဲ ကျောင်းဆောင်၏ အစွန်ဆုံး အခန်းကို အကြမ်းဖက်သမားများက မီးရှို့ထွက်ပြေးသွား ခဲ့ကြောင်း၊ ထိုသို့ မီးရှို့ခဲ့မှုကြောင့် မီးလောင်ကျွမ်းခဲ့ သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်း ငြိမ်းသတ် ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်ရှိ ထရံနှင့် ဓနိမိုး အနည်းငယ်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
Nov 28, 2021
မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်း၏ အထူးအထွေထွေ အစည်းအဝေး နှင့် ပထမအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ရန်ကုန်မြို့ မြန်မာနိုင်ငံ လူမွဲခံယူ ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်းက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ များ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကံဇော် သည် ဧည့်သည်တော်အဖြစ် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
Nov 28, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့နှင့်အတူဟိုပုံးမြို့ မဲနယ်တောင်ဒေသ ကျောက္ကချား ကျေးရွာသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြား ရေးလုပ်ငန်းများ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
Nov 28, 2021
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ် ပါသည်။
Nov 28, 2021
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၂/၂၀၂၀ နှင့် ၅/၂၀၂၁ ပါ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီး ဌာန၊ ဌာနစုမှူး(၂)/တတိယ အတွင်းဝန် (အမျိုးသား၊ အမျိုး သမီး) ရာထူး ၃၅ နေရာအတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများ ရွေးချယ် ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် နှင့်အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့ တို့ရှိ စာစစ်ဌာနငါးခု၌ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ရက်တို့တွင် တစ်ပြိုင် တည်း ကျင်းပလျက်ရှိသည်။
Nov 28, 2021
ယနေ့သည် ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး မီးခဲပြာဖုံးဖြစ်နေ သော အမျိုးသားရေးစိတ်ဓာတ်များ အုန်းအုန်းကျွက်ကျွက် စတင်ထက်သန်နိုးကြားလာသော နေ့ဖြစ်သည်။ ကျွန်ပညာရေးကို ကန့်ကွက်ရှုတ်ချတိုက်ဖျက်ရာမှ ပေါ်ပေါက်လာသော မျိုးချစ် စိတ်ဓာတ် အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်သောနေ့ဖြစ်သည်။
Nov 28, 2021
ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူလှသော ဧကရီဘုရင်မ မင်းမြတ်ဘုရား၏အမိန့ ်အာဏာတော်အရ ကြော်ငြာလိုက်သည်မှာ အထက်သီပေါမင်း အုပ်စိုးတော်မူသော မြန်မာ နိုင်ငံတော်ကို ၎င်းဘုရင်က ထပ်မံဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေ များသည် အသျှင်ဘုရင်မ မင်းမြတ်ဘုရား၏ နိုင်ငံနယ်မြေဖြစ်လေပြီး အသျှင်ဘုရင်မ မင်းမြတ်ဘုရား အလိုတော်မြတ် ရှိစဉ်ကာလအတွင်း ထိုနိုင်ငံကို ဣန္ဒိယဘုရင်ခံ မင်းမြတ်က အခွင့် သင့်လျော်သည့် အခါ မှူးမတ်အရာရှိ ခန့်ထား၍ ၎င်းမှူးမတ်အရာရှိ တို့ကသာ အုပ်ချုပ်စီရင် လိမ့်မည်ဟူသော အိန္ဒိယဘုရင်ခံ ဒတ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် ကြော်ငြာစာသည် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ဇန်န ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ လည်းကောင်း ထုတ်ပြန်လိုက် ပြီးသည့်နောက် နှစ်ပေါင်းထောင်ချီ၍ လွတ်လပ်သည့် ပဒေသရာဇ် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိလာခဲ့သည့် မြန်မာနိုင်ငံမှာ နယ်ချဲ့တို့၏ အင်ပါယာအတွင်းသို့ ကျရောက်သွားခဲ့သည်။
Nov 27, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Nov 27, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် မူဆယ်၊ ချင်းရွှေ ဟော်စခန်း (၂) ခုတို့မှ တင်သွင်းရာ ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ (၂) စီးဖြင့် အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) (၂၀)၊ နှာခေါင်းစီး(Mask)(၁၆)တန်တင်သွင်းခဲ့သည်။
Nov 27, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးဒုတိယနေ့ကိုယနေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Nov 27, 2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ဖွင့်ပွဲ အခမ်းအနား နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
Nov 27, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေး နွေးပွဲ (ဒုတိယပိုင်း) အစီအစဉ်”သို့ တက်ရောက်သည်။
