Nov 30, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ သည်။
Nov 30, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး ဌာနခွဲသို့ရောက်ရှိပြီး မြွေဆိပ်ဖြေဆေးများကို တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ မြွေဆိပ် ဖြေဆေးထုတ်လုပ်ရာတွင် အသုံးပြုရန် မွေးမြူထားသည့် မြင်းများကို ကြံ့ခိုင်သန်စွမ်းပြီး အနာရောဂါကင်းသည့် မြင်းများဖြစ်အောင် အလေးထားဆောင်ရွက်ရန်နှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်များ ချမှတ်ဆောင်ရွက်ရန် မှာကြားပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ရေးအတွက် မြွေများမှ အဆိပ်ထုတ်ယူ နေမှုအခြေအနေနှင့် မြင်းများကို သဘာဝ အတိုင်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ် ဆေးသည်။
Nov 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Nov 30, 2021
မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် မှောင်ခိုပစ္စည်းများနှင့် လူများဖြတ်သန်းသယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Nov 30, 2021
CRPH နှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများကို အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင် ပစ္စည်းများနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ လုယက်ခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
Nov 30, 2021
NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ပတ်သက် ဆက်သွယ်နေသော မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦး (၄၇)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၈ ရက်တွင် ချမ်းမြဝတီ ရပ်ကွက်၊ "အားသစ်" တည်းခိုခန်း၊ အခန်းအမှတ်(၃၀၁)၌ အောင်ကျော်ဇင် (၂၇)နှစ်၊ ဝေဖြိုးကျော်(ခ)အသေးလေး (၂၅)နှစ်၊ ဟိန်းထက်ဝင်း (၂၀)နှစ်နှင့် ဝင်းကို(၁၉)နှစ်တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။
Nov 30, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှု မရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှင့် မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီသုံးခု၊ ယာဉ်၁၈စီးတို့ဖြင့် တင်သွင်းရာ၌ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ အိမ်သုံးအောက်ဆီဂျင် (Oxygen Concentrator) ၃၀၅ ခုနှင့် နှာခေါင်းစည်း (Mask) ၁၁ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
Nov 30, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သော တိုက်ကြီးမြို့နယ်အတွင်း အရှည် နှစ်မိုင် တာဂ္ဂ - ဂုံညင်းတန်း - ရှောက်ပင်ကပ် - ကုလားစု - ဗမာစု လမ်းကွန်ကရစ်ခင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 30, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၉၃ ဦး၊ စုစုပေါင်း ၂၈၅ ဦးတို့ကို လက်ခံခဲ့ကြသည်။
Nov 30, 2021
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အရေးပေါ်လူနာဌာန၊ သွားနှင့် ခံတွင်းဌာန၊ ဓာတ်မှန်ခန်း၊ တီဗွီဓာတ်မှန်ခန်း၊ ဓာတ်ခွဲဌာန၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်လူနာကုသခန်း၊ Oxygen Plant တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။
Nov 30, 2021
ဈေးကွက်ရရှိလာသော မြန်မာ့လက်ဖက်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ ပြည်ပသို့ လက်ဖက်တန်ချိန် ၄၉၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။
Nov 30, 2021
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝတ်ရွတ်အဖွဲ့ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်း ငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်၍ သစ္စာပြုဆုတောင်း ရွတ်ဖတ်ပူဇော် အမျှဝေခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
Nov 30, 2021
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။
Nov 30, 2021
မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းကဏ္ဍသီးသန့်ကြည့်ရှု၊ နားဆင်နိုင်ရန်အတွက် MRTV News Channel ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်ပြီး စမ်းသပ်ထုတ်လွှင့်မည်ဖြစ်သည်။
Nov 30, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက် ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်ကြားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
Nov 30, 2021
ချင်းပြည်နယ်အတွင်း အရည်အသွေးကောင်းမွန်သည့် ဒေသထွက်ပန်းသီးများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ ပန်းသီးစိုက်တောင်သူများ ဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင့် တီးတိန်နှင့် မင်းတပ်မြို့နယ်တို့၌ သမဝါယမအသင်းများ ဖွဲ့စည်းကာ ပန်းသီးစိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်သည်။
Nov 30, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းမှာ သုံးရာခိုင်နှုန်းအောက် ကျဆင်းလာပြီး ယခုအခါ နှစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့သည်။ ထိုကဲ့သို့ ရောဂါ ကူးစက်ခြင်းမှ လျော့ကျသက်သာလာပြီး ကောင်းမွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေချိန်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်တစ်မျိုး ထပ်မံ ပေါ်ပေါက်လာရာ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်ခြင်း မရှိအောင် ကာကွယ်ထားရမည်ဖြစ်သည်။
Nov 30, 2021
“စာအုပ်စာပေလူ့မိတ်ဆွေ” ဟူ၍ အဆိုရှိသည်။ သို့ရာတွင် လူတိုင်းနှင့် မိတ်ဆွေဖြစ်နိုင်သည်မဟုတ်။ စာအုပ်သည်လည်း လူတို့နှယ်ပင် ကိုယ်ခင်မှ သူခင်သည့်သဘောရှိသည်။ သူ့ကို မိတ်ဆွေဖွဲ့မှသာ ကိုယ်၏ မိတ်ဆွေဖြစ်လာသည်။ ရှေးကရဟန်းပညာရှိ အကျော်အမော် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာထဲကကဲ့သို့ "မှတ်ဖွယ်မှတ်ရာ၊ ထိုထို စာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်” ကြရန်လိုသည်။ စာကောင်းပေမွန် တို့ကို ရှာဖွေ၍ စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာခြင်းအားဖြင့် “သား မယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်” ဟု ဆိုသည့်အတိုင်း မိမိ ကိုယ်တိုင်သာမက ဇနီးသားသမီးတို့ပင် စာပေကြောင့် ထူးခြား လိမ္မာလာရသည်။ စာအုပ်စာပေမှ ရရှိသည့် အသိအမြင် အလိမ္မာတို့က စာဖတ်သူတို့သာလျှင် ရရှိနိုင်သည့် အကျိုးရလဒ်ကောင်းများ ဖြစ် သည်။
Nov 29, 2021
(၅၉) ကြိမ်မြောက် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian - African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယနေ့မှ စတင်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
