Skip to main content

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေးသို့ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီပေးကာ ကြွရောက်တော်မူလာကြကုန် သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား ဆရာတော်အရှင်မြတ်တို့သည် “ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်မြတ် ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါ စေ”ဟုအာသီ သပတ္ထ နာပြုလျက် နှုတ်ခွန်းဆက်စကား ရှေးဦးစွာ လျှောက်ထားလိုပါ သည်ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား-

ဤအစည်းအဝေးတွင် လောကဓံ၏ ရိုက်ခတ်မှု ဒဏ်ကို ခံကြရသည့်အခါ ယောနိသော မနသိကာရ ထားတော်မူနိုင်ကြရန် အကြောင်းအားလျော်စွာ လျှောက်ထားလိုပါသည်ဘုရား။ ။

ကောဇာသက္ကရာဇ် ၁၃၄၂ခုနှစ်၊ နယုန်လ၊ ခရစ် နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းသံဃာတော်အားလုံးတို့၏ သမ္မ တိပေး ရွေးချယ်စေလွှတ်အပ်သော သမ္မုတိရ သံဃာ့ ကိုယ်စား လှယ်(၁၂၁၈)ပါးတို့ တက်ရောက်တော်မူ ကြသည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်း အဝေးကြီးက သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း ဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ သာသနာဝင်မှတ်တမ်းများကို ပြဋ္ဌာန်းခဲ့ပြီး ထိုစည်းမျဉ်း များ၊ လုပ်ထုံးလုပ်နည်းများ၊ ဓမ္မဝိနယ များနှင့်အညီ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့များနှင့် ဝိနည်းဓိုရ်များကို ဖွဲ့စည်းရွေးချယ်နိုင်ခဲ့ကြပါသည် ဘုရား။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး ကြီးက သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းများကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့အား တာဝန်ပေးအပ်ခဲ့ပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အား ထပ်ဆင့်တာဝန်ပေးအပ်ခဲ့ပါသည်။ ယင်းသို့ ပေးအပ်ခဲ့သော သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးလုပ်ငန်းတာဝန်များကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကြီးနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့သည် အားသွန်ခွန်စိုက် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်မှာ အဋ္ဌမအကြိမ် သက်တမ်းတိုင် ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်ဘုရား။

သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်အနေဖြင့် ဖြတ် သန်းခဲ့သော ကာလများအတွင်း သာသန ပစ္စတ္ထိက သာသနာ့ရန်စွယ် အန္တရာယ်များ၊ သာသနာ အညစ်  အကြေးများကို သန့်ရှင်းစင်ကြယ်စေခြင်း၊ အဓမ္မဝါဒ များကို နှိမ်နင်းဖယ်ရှားတားဆီးနိုင်ခြင်း၊ ပရိယတ္တိ စာမေးပွဲအသီးသီးကို စဉ်ဆက်မပြတ် ကျင်းပနိုင် ခဲ့ခြင်း၊ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေး ရာကိစ္စရပ်များကို အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ သည့်အပြင် “သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်” ဟူသော မူအရ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့် အနားယူအစားထိုးလုပ်ငန်းများကိုလည်း အကြိမ်  အလိုက် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစီမံချက်၊  ဓမ္မဝိနယများနှင့်အညီ မပျက်မကွက် အစားထိုး ရွေးချယ်ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။ လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း သံဃနာယကအဖွဲ့ အဆင့်ဆင့် အနားယူအစားထိုးရွေးချယ်ပွဲများကို မဖြစ်မနေ  ဆောင်ရွက်ကြရမည်ဖြစ်ရာ ၁၃-၇-၂၀၂၁ ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်း အဝေးကသံဃနာယကအဖွဲ့ အဆင့်ဆင့် အနားယူ အစားထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်း များ အဆင်ပြေချောမွေ့စေရေးအတွက် “၂၀၂၂ ခုနှစ်  သံဃနာယကအဆင့်ဆင့် အနားယူအစားထိုး  လုပ်ငန်းစီမံချက်ရေးဆွဲရေးအဖွဲ့”ကို ဖွဲ့စည်း တာဝန်ပေး ဆောင်ရွက်ခဲ့ ပါသည်ဘုရား။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နှင့် သံဃာ့ အဖွဲ့ အစည်းအဆင့်ဆင့်သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေး  ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပရိယတ္တိပညာရေး  စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်း စသည်တို့၌ ပြဋ္ဌာန်းဖော်ပြပါရှိသည့် သာသနာ့လုပ်ငန်းတာဝန်  များကိုသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါသည် ဘုရား။ ထိုလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သံဃာထုက ရွေးချယ်အပ်သော သံဃသမ္မုတိရ သံကိုယ်စားလှယ်တို့မှတစ်ဆင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့က ပေးအပ်သောတာဝန်ကို ထမ်းဆောင်နေခြင်းပင် ဖြစ်ပါသည်ဘုရား။ ယင်းသို့ ဆောင်ရွက်ခြင်းသည်သာသနာ့ဝန်ထမ်းရဟန်းတော် များအတွက် မြတ်စွာဘုရားရှင် သတ်မှတ်ပေးသနား တော်မူခဲ့သော ဂန္ထဓုရ၊ ဝိပဿနာ ဓုရနှစ်ပါးကို ဘုရား ရှင် အလိုတော်ကျ ဆောင်ရွက်နေခြင်းပင်ဖြစ်ပါ  သည်ဘုရား။

ထိုသို့ သာသနာရေးကိစ္စများကိုဆောင်ရွက်ကြ ရာတွင် အတ္တိမေ ဘိက္ခဝေ လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ၊ လောကော စ အဋ္ဌ လောက ဓမ္မ အနု ပရိဝတ္တတိ။ ကတမေ အဋ္ဌ၊ လာဘော စ အလာဘော စ ယသော စ အယသော စ နိေစ ပသံသာ စသုခ ဒုက္ခဉ္စ ဟူ၍ ဘုရားရှင်ဟောတော်မူသည့်အတိုင်း စီးပွားဥစ္စာရခြင်း၊ စီးပွားဥစ္စာမရခြင်း၊ အခြံအရံ အကျော်အစောရှိခြင်း၊ အခြံအရံ အကျော်အစော ကင်းမဲ့ခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်း ဟူသော လောကဓံတရား ရှစ်ပါးတို့သည် သတ္တဝါ အပေါင်းသို့ အစဉ်တစိုက် လိုက်ပါကြမည်သာ ဖြစ်ပါ သည်ဘုရား။ သတ္တဝါအပေါင်းတို့ကလည်း ဤ လောကဓံတရားရှစ်ပါးတို့သို့ အစဉ်တစိုက် လိုက်ပါ ကြမည်လည်း ဖြစ်ပါသည်ဘုရား။ ဤလောကဓံ တရား ရှစ်ပါးတို့နှင့် မည်သူမျှ ကင်းကွာနိုင်ကြမည် မဟုတ်ပါ။ ပရိသတ်လေးပါးအလယ်၌ တင့်တယ်စွာ စံပါယ်နေထိုင်တော်မူ၍ တရားချီးမြှင့်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်ကိုပင် အချို့က ကဲ့ရဲ့ ကြ၊ အချို့က ချီးမွမ်းကြသေးသည်ဟု ဓမ္မပဒအဋ္ဌ ကထာ (ဒု-၂၅၀)၌ ပြဆိုထားပါသည်ဘုရား။

ထို့အတူပင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက် ဟူသောမူအရ အခြေခံ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း များပါ ပြဋ္ဌာန်းချက်များနှင့်အညီ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စရပ်များကို ဆောင်ရွက် တော်မူကြသော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးအပါအဝင် သာသနာရေးကိစ္စရပ် များကိုဆောင် ရွက်နေကြသော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့ကို ကဲ့ရဲ့ပြစ်တင်သူများ ရှိကြသကဲ့သို့ ချီးမွမ်းဂုဏ်ပြု သူများလည်း ရှိကြပါလိမ့်မည်။ ယင်းသို့ ကဲ့ရဲ့ ခံကြရ ချီးမွမ်းခံကြရသည့်အခါ လိုက်နာပြုကျင့်ရမည့် နည်းလမ်းကို ဘုရားရှင် ကိုယ်တော်မြတ်က ပေးသနားခဲ့ပါသည်ဘုရား။ “နိန္ဒာယ နပ္ပမေယျ၊ န ဥန္နမေယျ ပသံသိတော ဘိက္ခု (သုတ္တနိပါတ်၊ ၄၂၃) ဘိက္ခု ရဟန်းသည်။ နိယ၊ သူတစ်ပါးကဲ့ရဲ့ ခြင်းကြောင့်၊ နပ္ပမေယျ၊ စိတ်ဓာတ် တွန့်ဆုတ် မတုန်လှုပ်ရာ၊ ပသံသိတော၊ ချီးမွမ်းခံရလျှင်လည်း၊ န ဥန္နမေယျ။ ဝမ်းသာလှုပ်ရွ မတက်ကြွရာ ဟူသော ဒေသနာတော်ကို ဦးထိပ်ရွက်ပန်ဆင်၍ ကဲ့ရဲ့ ခံရ လျှင်လည်း မတုန်လှုပ်၊ ချီးမွမ်းခံရလျှင်လည်း မတက်ကြွဘဲ စိတ်ဓာတ်တည်ငြိမ်အောင် ထားတော် မူကြရမည်ဟု နည်းလမ်းပေးသနားခဲ့ပါသည်ဘုရား။ ဆိုလိုသည်မှာ လောကဓံရှစ်ပါးနှင့် ကြုံဆုံရပါက လောကဓံတရားတို့၏ မောင်းနှင်ရာသို့ လိုက်ပါ ပြောင်းလဲခြင်းမရှိဘဲ ယောနိသော မနသိကာရတရား ဖြင့် စိတ်ဓာတ်တည်ငြိမ် အောင်ထားတော်မူကြပြီး ရင်ဆိုင်ကြရမည်သာ ဖြစ်ပါသည်ဘုရား။ ။

ထိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုတို့ကို မမြဲသောအနိစ္စ၊ ဆင်းရဲသောဒုက္ခ၊ ဖောက်ပြန်ပြောင်းလဲခြင်းရှိသော ဝိပရိဏာ မဓမ္မများ သာဟု နှလုံးသွင်းဆင်ခြင်စဉ်းစား တော်မူကြ၍ တရားစစ်တရားမှန်၏ သဘောမှန် သရုပ်သကန်ကို အမှန်အတိုင်း သိပြီးလျှင် ထိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုကြောင့် လိုလားနှစ်သက်တပ်မက်မှုနှင့် ကိုယ်စိတ်ညှိုးနွမ်း ပင်ပန်းမှုတို့ကို ပယ်ရှားလျက် ဝဋ်ဒုက္ခအားလုံးမှ လွတ်မြောက်နိုင်မှုများကို အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒုတိယလောက ဓမ္မသုတ် (အံ၊ ၃၊ ၇၊ ၈၊ ၉)တွင် မြတ်စွာဘုရား အကျယ်တဝင့်ဟောကြား ထားတော်မူသည်ကိုလည်း တွေ့နိုင်ပါသည်ဘုရား။ ။

ထို့အပြင် ဘုရားတပည့်တော် ဖြည့်စွက် လျှောက်ထားလိုသည်မှာ “အနှံ့ ဗာလာန နိေ ဝါ ပသံသာ ဝါ အပ္ပမာဏာ၊ ပဏ္ဍိတေန ပန မေဓာဝိနာ၊ နိန္ဒိတော နိန္ဒိတော နာမ၊ ပသံသိတော စ ပသံသိတော နာမ ဟောတိ(ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၁၀) ဟူသော မြတ်စွာ ဘုရားရှင်၏ ဒေသနာလာသည့်အတိုင်း မသိနား မလည်သူ များ၏ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းများသည် အလေးဂရုပြုလောက်သည့် လိုရင်းပမာဏမဟုတ်၊ ပညာရှိများ ကဲ့ရဲ့ခြင်းသည်သာ ကဲ့ရဲ့သည်မည် ကြောင်း၊ ပညာရှိများ ချီးမွမ်းသည်သာ ချီးမွမ်းသည် မည်ကြောင်း ဟောကြားတော်မူသည့် အမိန့်ဒေသနာ တော်ကို ဦးထိပ်ပန်ဆင်လျက် ပညာရှိသူတော် ကောင်းတို့ နှစ်ထောင်း အားရ ချီးမွမ်းကြမည့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ကိစ္စရပ်များကိုသာ ယောနိသော မနသိကာရ တရား လက်ကိုင်ထား၍ ညီညာဖြဖြ ကြိုးပမ်းအားထုတ် တော်မူကြပါဟု တိုက်တွန်းရင်းဘုရား တပည့်တော်၏ သာရဏီယ ဩဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်  အပ်ပါသည် ဆရာတော် အရှင်မြတ်တို့ဘုရား။