နေပြည်တော်၊ ဧပြီ ၂၀
အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး နိုင်ငံခြား ငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ထုတ်ပြန် ခဲ့ကြောင်း၊ ယင်း၏ အပိုဒ် ၃ အရ ဗဟိုဘဏ်မှ ကင်းလွတ်ခွင့်များနှင့်စပ်လျဉ်းပြီး မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းများဆောင်ရွက် ပါက ပြည်တွင်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ဘဏ်များအကြားချိတ်ဆက်၍ လုပ်ငန်းများလျင်မြန် ချောမွေ့စေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ် လုပ်မှု စာရင်းများကို ပြုစုထားရန်လိုအပ်ကြောင်း၊ နိုင်ငံခြားသုံးငွေနှင့် ပြည်တွင်းငွေကြေးကို ဥပဒေနှင့် အညီသုံးစွဲသွားရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဦးသန်းညိန်း က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ နှင့်ပတ်သက်၍ အထူး စီးပွားရေးဇုန်များ တွင်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း အထူးစီးပွား ရေးဇုန်ဥပဒေ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ လက်ရှိဆောင် ရွက်နေသည့် အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း၊ အခက်အခဲများရှိပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်း တင်ပြနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက နိုင်ငံခြားငွေမရှိသည့်ကုမ္ပဏီများအနေဖြင့် မြန်မာကျပ်ငွေမှ နိုင်ငံခြားငွေ သို့ပြောင်း လဲ၍ ပြည်ပရှိ Supplier သို့ပေးချေနိုင်ပြီး အဆိုပါငွေပေးချေမှု အတွက် Standard Operating Procedure (SOP) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေး ဝန်ကြီးဌာနက မူကြမ်း ပြုစုနေပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေး ဇုန်များရှိ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေး အသုံးပြုခြင်းကိစ္စများ လျင်မြန်ချောမွေ့စေရေးအတွက် နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ထား ရှိမှုအခြေအနေများကို အထူးစီးပွားရေး ဇုန် တွင်ရှိသော လုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက် ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများနှင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများက ဝိုင်းဝန်းဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့က ညှိနှိုင်းဖြေရှင်းပေးသည်။
ဆက်လက်၍ နံနက် ၁၁နာရီတွင် ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ် ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချော မွေ့စေရေး အတွက် နိုင်ငံခြားငွေကြေး အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပို့ကုန်သွင်း ကုန်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများ ကုန်သွယ်မှုပြုရန်အလို့ငှာ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်း ခြင်းလုပ်ငန်းများ လုပ်ကိုင် နိုင်ရန်အတွက် ပို့ကုန် / သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို နားလည်သိရှိနိုင်ရန် အတွက် ရှင်းလင်း ပေးခြင်းဖြစ် ကြောင်း၊ အချက်အလက်များပေါ်မူတည်၍ ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ငွေပေးချေ မှုများ၊ ငွေထုတ်ယူရာတွင် အခက်အခဲဖြစ်သည့်ကိစ္စရပ်များကို ဖြေရှင်းပေး မည်ဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းပေးရာတွင် ဦးစားပေး အုပ်စုအလိုက် အုပ်စု (၅)စုခွဲ၍ ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန်စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ကိစ္စရပ် များဆောင်ရွက်ရာတွင် ကောင်းသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှု ဖြစ်သော်လည်း Private Sector ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုတို့နှင့် ဆိုင်သည့်ပုဂ္ဂိုလ်များအပါအဝင် သက်ဆိုင်သည့်သူများအနေဖြင့် အချိန်နှင့်တစ် ပြေးညီ ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နှင့် ညီနောင်အသင်းများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး များ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင် သိရသည်။
(သတင်းစဉ်)