Skip to main content

“(၃၈)ဖြာမင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

နေပြည်တော် ဇူလိုင် ၁၃

လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာမင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက် မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် မာတာပိတုဥပဋ္ဌာနံ(မိဘတွေကို လုပ်ကျွေးစောင့်ရှောက်ခြင်း)နှင့် ခန္တီစ (အရာရာ၌သည်းခံခြင်း) အစီအစဉ်နှစ်ခုကို ဇူလိုင် ၁၆ ရက် စနေနေ့ ည ၉ နာရီ တွင် ဆက်လက်ပြသ မည်ဖြစ်သည်။

ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက်သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ထက်မြက်အောင်၊ ရန်ရှင်းမောင်၊ ဓာတ်လင်း၊ ရွှေအိုးနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

ထို့အပြင် ဇူလိုင် ၂၀ ရက် ဗုဒ္ဓဟူးနေ့နှင့် ဇူလိုင် ၂၁ ရက် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်များကို တစ်ပိုင်းစီခွဲခြား၍ ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်