Apr 12, 2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Apr 12, 2022
ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပသည်။
Apr 12, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Apr 12, 2022
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် အဦးဆုံးဖြစ်သော သင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ၏ မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲကို ဧပြီ ၈ ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ နိုင်ငံ ဝန်ထမ်းများက တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
Apr 12, 2022
၁၃၈၃ ခုနှစ် သင်္ကြန်ရက်များအတွင်း ရေပေးဝေရေးအစီအစဉ်
Apr 12, 2022
၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူးရုံးပိတ်ရက်နှင့် သင်္ကြန်ကာလ ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ၊ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမည့်အစီအစဉ်အား အသိပေးကြေညာခြင်း
Apr 12, 2022
တရားမဝင် မမှန်မကန်ဆောင်ရွက်သည့် ကိစ္စရပ်များရှိပါက တိုင်ကြားရန် အသိပေးကြေညာခြင်း
Apr 12, 2022
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပမှုများ MRTV မှ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်မည်
Apr 12, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ ဆင်ယင်နွှဲကြရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို အကြောင်းပြု၍လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း သင်္ကြန်ပွဲတော်နှစ်ခုကို မကျင်းပနိုင်ဘဲ ကျော်လွှားခဲ့ကြရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မှာလည်း လျော့ကျလာခဲ့ရာ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုများအရ နေ့စဉ်ကူးစက်မှု ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည့်အလျောက် တစ်နှစ်တစ်ခါ ကျရောက်လာသည့် ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လာကြခြင်းလည်းဖြစ်သည်။
Apr 11, 2022
KIA အဖွဲ့နှင့် NLD ပါတီထောက်ခံသူ အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် ပတ်ဝန်းကျင်တွင် စခန်းများ ဆောက်လုပ်ခိုအောင်းပြီး အပြစ်မဲ့နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများအပြင် မြို့တွင်းသို့ဝင်ရောက်၍ နိုင်ငံပိုင်အဆောက်အဦများ၊ အများ ပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများအား အကာအကွယ်ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျစုဖွဲ့၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။
Apr 11, 2022
၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ “ကမ္ဘောဇ” ဘဏ်ခွဲအတွင်းသို့ အမျိုးသား ၇ ဦးက ဘဏ်အကောင့်ပြုလုပ်လိုကြောင်းပြော၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းကြိုတင်ရောက်ရှိနေသည့် အမျိုးသား ၂ ဦးတို့နှင့် ပူးပေါင်းကာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးအား ကျဉ်စက်ဖြင့်ထိုး၍ ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အ တွင်း ငွေသွင်း၊ ငွေထုတ်ရန်ရောက်ရှိနေသူများ၏ လက်ကိုင်ဖုန်းများအား သေနတ်ပြခြိမ်းခြောက် လုယက်ယူဆောင်ကာ ဘဏ်အတွင်းစုထိုင်ခိုင်းပြီး ဘဏ်ကောင်တာအတွင်းနှင့် ကောင်တာအပေါ်၌ ထားရှိသည့် ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို အသင့်ယူဆောင်လာသည့် လက်ကိုင်ပါပီနံအိတ် ၂ လုံး အတွင်းထည့်၍ ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၆၇/ ၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅/၃၂၃ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Apr 11, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Apr 11, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄)မိုင် ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို စစ်ဆေးသည်။
Apr 11, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အလှကုန်ပစ္စည်းများ၊ ဖုန်းနှင့်ကွန်ပျူတာ အပိုပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၃၆၄၇၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။