Skip to main content

တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

နေပြည်တော် စက်တင်ဘာ ၅

ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည် ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ် စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ သင်တန်းကျောင်းသို့ သွားရောက် ၍ အရာရှိ၊ စစ်သည်၊ မိသားစုများ ကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်ပေး၍ တက်ရောက် အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ လက်ရည် တစ်ပြင်တည်းနေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများက လည်း ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက် တပ်ရင်း/ တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်း များမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍ တက်ရောက် အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ နေ့လယ်စာသုံး ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်