Skip to main content

Apr 13, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာမဟာသင်္ကြန်အတာရေ သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်းကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

မြန်မာလူမျိုး၊ တိုင်းရင်းသားများသည် နှစ်သစ်အတာသင်္ကြန် မင်္ဂလာအခါ သမယတွင် ဆရာတော်၊ သံဃာ​တော် အရှင်သူမြတ်များကို လှူဒါန်း​ပေးသည့် ဆွမ်း၊ ကွမ်း​ဝေယျာဝစ္စများ၊ ဘုရား​ကျောင်းကန်များသို့ သွား​ရောက်ကုသိုလ်ယူခြင်းများ ​ဆောင်ရွက်လျက်ရှိသည့် ရိုးရာယဉ်​ကျေးမှု ဓ​လေ့၊ ထုံတမ်းအစဉ်အလာများရှိရာ ယ​နေ့ ၁၃၈၃ ခုနှစ်၊​ နှောင်းတန်ခူးလဆန်း၊ ၁၃ ရက်​နေ့တွင် ကျ​ရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်အကြို မင်္ဂလာရက်​နေ့တွင် သံဃာ​တော်များအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား ကြက်သွန်များကို​ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို  ယ​နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ မြ​စေတီ (ရဲ​ကျောင်း) စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရန်ကုန်တိုင်းဒေသကြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပါဝင်ကျင်းပသည့် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်ကို  မြန်မာသက္ကရာစ် ၁၃၈၃ ခုနစ်၊ တန်ခူးလဆန်း ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။      

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို မဟာသင်္ကြန်အကြိုနေ့ ယနံနက် ၈ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ရာ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲ တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယခုလာမည့် နှစ်သစ်တွင် ခွန်အားသစ်များဖြင့် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကမ်းနားလမ်းနှင့် ယခင်ညဈေးတန်းလမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ရာ ယမန်နေ့ ညနေပိုင်းက အဆိုပါမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်မှုများနှင့် ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်ချက်များ ဆောင်ရွက်ရန်  မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန်ကျင်းပရာ သင်္ကြန်ချစ် ပြည်သူများလာရောက်ရေကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မင်းပြားမြို့လူမှုရေးအသင်း၊ အဖွဲ့များ ပူးပေါင်း ပြီး ယမန်နေ့က ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲကို မင်းပြားမြို့  ပြည်လုံးချမ်းသာ ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသော (၁၈)ကြိမ်မြောက် မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲကို ယမန်နေ့ ညနေ(၇)နာရီအ ချိန်က တရုတ်တန်းရပ်ကွက်ရှိ မြို့မဓမ္မာရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရခိုင်ပြည်နယ် မောင်တောမြို့၌ (ပထမ) အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ဗဟိုလ်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးမှုဖြင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မန္တလေး ရတနာပုံဥယျာဉ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးနှင့် ကျုံးရေပြင် အကြားရှိ ရတနာပုံ ဥယျာဉ်မုခ်ဦးတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားအား ယနေ့နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် အမ်းမြို့နယ်၌ တောင်သရက်ခွဲ သား ၂ ဒသမ ၀၅၇၈ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၄၄၀၄၆ ကျပ်)ကို လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် တောင်ကုတ်မြို့နယ်၌ သင်ပုန်းခွဲသား ၄ ဒသမ ၃၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၃၈၀)ကို လည်းကောင်း စုစုပေါင်းသစ်မျိုးစုံ ၆ ဒသမ ၃၉၁၈ တန် (ခန့်မှန်း တန်ဖိုးငွေ ၄၄၇၄၂၆ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်