Apr 13, 2022
အမျိုးသမီးများကိုတရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာငွေကြေး အကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
Apr 13, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အဓိကကျသော လုပ်ငန်းစဉ် တစ်ရပ်တွင် ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Apr 13, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ပြိုင်ပွဲကို ယနေ့ညနေ ၆ နာရီခွဲက နေပြည်တော် ရုံးအမှတ် (၃၈) ရှိ ဝန်ကြီးဌာနရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
Apr 13, 2022
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၁၅)ကြိမ် မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာကို ဧပြီ ၁၁ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမနှင့် ရွှေတြိဂံရိပ်သာကြီး၌ ကျန်းမာရေးဆိုင်ရာလမ်းညွှန်မှုများနှင့်အညီ ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှရဟန်းခံ၊ ရှင်သာမဏေ၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
Apr 13, 2022
ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အဆိုပြုစာတွဲ (Nomination Dossier) (Complete)ကို ကမ္ဘာ့အမွေအနှစ်ညီလာခံကော်မတီသို့ ပေးပို့တင်ပြထားပြီးဖြစ်သည်။
Apr 13, 2022
ပုံနှိပ်ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း အသိပေးကြေညာခြင်း
Apr 13, 2022
ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရုပ်သိမ်းကြောင်း အသိပေးကြေညာခြင်း
Apr 13, 2022
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့ဖြစ်သည်။ မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသော မဟာသင်္ကြန်ပွဲအခါကာလ သို့ရောက်ရှိလာပြီဖြစ်သည်။ ယခုနှစ်တွင်ကျင်းပမည့် ရိုးရာအစဉ်အလာမပျက် မဟာသင်္ကြန်ပွဲတော်ကာလသည် ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားသည့် ပွဲတော်ကာလဟု ဆိုနိုင်သည်။
Apr 12, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Apr 12, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ နမ့်စန်ပင်မဓာတ်အားခွဲရုံ၊ တောင်ကြီးပင်မဓာတ်အားခွဲရုံ၊ ကလောပင်မဓာတ်အားခွဲရုံ၊ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Apr 12, 2022
အမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Apr 12, 2022
မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်မှာဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ကိုးရက်တာ အားလပ်ရက်ဖြစ်ရာ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများမှ ငပလီ၊ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေ အပန်းဖြေခရီးသွားများ စည်ကားမှုကြောင့်သံတွဲလေယာဉ်ခရီးစဉ်များကို မူလခရီးစဉ်ပြေးဆွဲမှုထက် အခေါက်ရေ ၂၄ ခေါက် ထပ်တို
Apr 12, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း တရားမဝင် ကျွန်းတံခါးချပ်များ၊ ကျွန်းခွဲသားများနှင့် ကျွန်းပါကေး အကြမ်းတုံးများ ၉ ဒသမ ၂၆၃၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၇၈၉၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ်လေးစီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၇၇၈၉၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 12, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၀ ၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၂၀၄ ဦးတို့ကို လက်ခံခဲ့ကြသည်။
Apr 12, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 12, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
Apr 12, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင် စုထောက်ပံ့ရန်ပုံငွေ ဖြင့်ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာ အုပ်စုဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ် ၇ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ်တွင် ၂ ဒသမ ၄ ကီလိုဝပ်ဆိုလာစနစ် တည်ဆောက်၍ ၁၅၀၀ ဝပ် ရေပန့်တပ်ဆင်ကာ ချောင်းရေတင် စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီလမှစတင်၍ (၆ x၆ x ၁၃) ပေ ကျောက်စုရေစုကန်နှင့် (၁၂ x ၁၂ x ၆ ) ပေ မြေသားရေလှောင် ကန်တူးဖော်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ဧပြီလကုန်တွင် ဒေသခံတိုင်းရင်းသား တောင်သူများအား ၁၂ လ ရာသီပတ်လုံးစိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။