Skip to main content

Apr 14, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီးတို့သည် ယမန်နေ့က ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းများ၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများ၊ ၎င်းတို့၏ ဇနီးများနှင့်အတူ နေပြည်တော်ရှိ ဝန်ကြီးဌာန၏ ရုံးဌာနများနှင့် မြန်မာ့မီးရထားရုံးချုပ်တို့၌ ကျင်းပသည့် ၁၃၈၃ ခုနှစ်၊ ဝန်ကြီးဌာန၏မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အခမ်းအနားကို ယနေ့သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဟိုပန်မြို့၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အဟာသင်္ကြန်အကြိုနေ့ ညနေ ၆ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာ ဗဟိုမဏ္ဍပ်တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များနှင့် ပြည်သူများတက်ရောက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၄၆ မိနစ်က မန္တလေး၊ ချမ်းအေသာစံမြို့နယ်ရှိ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေး အဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင် လာသော အကောက်ခွန်မဲ့ ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ယနေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံများ ထောက်ပံ့လှူဒါန်းလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန် ၁၀၀၀၀ နှင့် ဂျုံတန်ချိန် ၂၀၀ တို့ကို လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ညနေပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ် များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်း အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁) ကြိမ်မြောက် ရိုးရာ မဟာ င်္ကြန်မင်္ဂလာစည်တော်တင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စပ်လုံကတ်အောင်မြေ နတ်နန်း၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံ ရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၏ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ ရိုးရာ အတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အဆိုပါ ကျောင်းဝင်းအတွင်း၌ ယနေ့ညနေပိုင်းတွင် ကျင်းပသည်။ ဆက်လက်၍ ဝန်ထမ်းနှင့် မိသားစုဝင်များ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဉ္စမအကြိမ် အိန္ဒိယသမ္မတနိုင်ငံအထောက်အပံ့ ရန်ပုံငွေကျပ် ၂၀၆ ဒသမ ၇၇၇ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း ၂၂၅ မိုင် ၄ ဖာလုံ အနက် ဖောက်လုပ်ပြီး မြေလမ်း ၁၁၇ မိုင် ပေါ်တွင် တီတီချောင်း၌ ပေ ၇၀ နှစ်လွှာ တစ်ထပ်ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပဲခူးမြို့ဗဟိုမဏ္ဍပ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏လမ်းညွှန်မှုဖြင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင် ရေးအတွက် ရတနာပုံဥယျာဉ်ကြီးအား ရည်မှန်းချက်ကြီးကြီးဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁၃ရက်၊ ခရစ်နှစ်၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက် သော မြန်မာ့ရိုးရာသင်္ကြန်အကြိုနေ့ မင်္ဂလာနံနက်ခင်း အချိန်တွင် ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ဥယျာဉ်တည်ရှိရာ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြားတွင် အောင်အောင်မြင်မြင်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ပွဲတော်များတွင်နှစ်ဦးတွင်အစောဆုံး ကျင်းပသောပွဲတော်ဖြစ်သည့်အပြင် ရေပက်ကစားရသောပွဲတော်ဖြစ်သည့် အတွက်ထူးခြားလှသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပာယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်း ခေါ်သည်။ အတာသည်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပာယ်ရသည်။နှစ်ဟောင်းမှ အညစ်အကြေးများကိုရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကို အေးမြစေကြောင်း ရေပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2022

ယနေ့သည် မဟာသင်္ကြန်အကျနေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့သည် နှစ်တစ်နှစ်ကုန်ဆုံးသည့် နှစ်ဟောင်းကာလမှ နှစ်သစ်ကာလသို့ ကူးပြောင်းနေသည့် အခါသမယဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောကြသည့် အစဉ်အလာ ရေသဘင်ပွဲတော်နှင့် နှစ်သစ်ကူးပြောင်းသည့်ကာလတွင် ကောင်းမှု ကုသိုလ်များ အထူးပွားများကြခြင်းသည် မဟာသင်္ကြန်၏ အနှစ်သာရဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အား ငြိမ်းချမ်းရေးရလာဒ်၏ ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား မလွှဲမရှောင်သာ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လေးကေ့ကော်မြို့သစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်