Skip to main content

Sep 09, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Amur ပြည်နယ်၊ Blagoveshchensk မြို့ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာရာ ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့် လူမှုကူညီရေး ယာဉ်တစ်စီးအား ယနေ့နံနက်အစောပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization For Migration-IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Dragan Aleksoski တို့သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့် (၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြို့နယ်ဦးစီးမှူးရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) အခြေအနေများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား သက်ဆိုင်ရာဒေသများမှ ကွန်ပျူတာ များဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ထိန်းသိမ်းထားရှိမှု၊ မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းများ သတ်မှတ် ကာလအတွင်း အောင်မြင်ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်းဆွေးနွေးမည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တော်သလင်းလပြည့်နေ့ အာရုံဆွမ်းတော်ကြီး လှူဒါန်းပွဲနှင့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် (၆) နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တော် အတက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဗုဒ္ဓဥယျာဉ်အတွင်း ဆေးပေး ခန်းဆောက်လုပ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်း ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ကျင်းပခဲ့ပြီး ရတနာတန်းဝင် ကျွန်းပင် ၁၀၀၀ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ယနေ့နံနက် ၁ဝ နာရီတွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ (Chief of Mission) အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Dragan Aleksoski က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင်

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားနှင့် Public Feedback Programme- PFP နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အဓိကကျသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အ ကူဖြစ်စေ ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်းတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ် များ၊ ရဟတ်ယာဉ်များ၊ ColdChain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင် ဖြန့်ဖြူး ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ကျောင်းပြင်ပရောက် ကလေးသူငယ်များများပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ် နေသည်ကိုတွေ့ရကြောင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ညွန့်ဖေက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်း

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက နိုင်ငံဝန်ထမ်းများ လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ဌာန ပိုင်ခြံများ စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံများ၊ သား၊ ငါး၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အထိမ်းအမှတ် ညစာ စားပွဲအခမ်းအနားကိုယနေ့ ညနေ ၅ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာ မန္တလေးဟိုတယ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2022

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေး ကိုယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီ ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်