Sep 12, 2022
ယခုသင်တန်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူခဲ့သည့် ပြန်တမ်းဝင်အရာရှိဝင်ခွင့် ရာထူးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသော ဌာနတွင်း၊ ဌာနပြင်ပမှ နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများအား စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပေးနိုင်ရေး၊ အရည် အသွေးပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ ရည်မှန်းချက်များကို အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်အတွက် ယုံကြည်စိတ်ချ အားထားရသော အရာရှိကောင်းများ ဖြစ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြောကြားသည်။
Sep 12, 2022
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် မကွေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ရန်ကုန်-ပြည်-မကွေး-မန္တလေးလမ်း (မကွေး-အောင်လံ) လမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
Sep 12, 2022
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
Sep 12, 2022
လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများကို နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို မွေးမြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်တင်ဘာ ၁၀ ရက်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ Good Brother’s Co.Ltd ၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Sep 12, 2022
နောင်ချိုမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 12, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ကျပူးပေါင်းအဖွဲ့က သတင်းအရ ရန်ကုန်-မြဝတီ လမ်းမကြီး မိုင်တိုင်အမှတ် ၉၇ မိုင် ၆ဖာလုံ ရွှေဖြူရော်ဘာခြံအနီး ရှောင်ကွင်းလမ်းထိပ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရှောင်ကွင်းလမ်းအတွင်းမှ ထွက်ခွာလာသော Toyota Crown အမျိုးအစား လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 12, 2022
ဇော်မျိုး(နေပြည်တော်)
Sep 12, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Sep 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။
Sep 12, 2022
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။
Sep 12, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 12, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Sep 12, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ စက်တင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ တစ်ရက်စာထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၉၈၄၆ ခုကို စိစစ်ခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉၁ ဦး တွေ့ရှိခဲ့ပြီး ၁၇၅ ဦးမှာ ပြည်တွင်း၌ ကူးစက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ တစ်ရက်စာထုတ်ပြန်ချက်တွင် ဓာတ်ခွဲနမူနာ ၁၀၈၀၄ ခု စစ်ဆေးခဲ့သည့်အနက် ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၂ ဦးရှိပြီး ၂၄၃ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံခဲ့ရကြောင်း သိရသည်။
Sep 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ရုရှားနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို သယ်ဆောင်၍ အမိနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
Sep 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr.Igor livanovich KobzeV နှင့် အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၁-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 11, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Sep 11, 2022
ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်းသည် ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်ရေးတွင် အရေးပါသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ယခု(၃၆ပေ)ပြီးစီးနေ၍ ဆက်လက်ပြီး (၄၈ပေ) ချဲ့၍ရသော လမ်းပိုင်းအား ဆောင်ရွက်ပေးရန်၊ တံတားများ တိုးချဲ့ရန်နှင့် အသစ်တည်ဆောက်ရန် ကိစ္စရပ်များအား တံတားဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက မှာကြားသည်။
Sep 11, 2022
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးကာလတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လုပ်ငန်း ၆၃ ခုအတွက် ခွင့်ပြုရန်ပုံငွေ ၅၉၄၁ ဒသမ ၃၆၀ သန်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း လုပ်ငန်း ၇၂ ခုအတွက် ခွင့်ပြုရန်ပုံငွေ ၅၉၁၉ ဒသမ ၉၈၆ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လုပ်ငန်း ၇၂ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၇၄၈၇ ဒသမ ၃၁၆ သန်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လုပ်ငန်း ၈၁ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၉၄၂၅ ဒသမ ၁၆၀ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
