Aug 05, 2022
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။
Aug 05, 2022
၁။ မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေလျက်ရှိသည့် သင်ဇာဝင့်ကျော် (ခ)သင်ဇာနှင့် နန်းမွေစံတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပါသည်။
Aug 05, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 05, 2022
အစိုးရ၏ ပညာရေးစနစ် ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့သည်။
Aug 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမျိုးမြင့်ဦး အား စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
Aug 05, 2022
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)တွင် ဖော်ပြချက်နှင့် သိသာထင်ရှားစွာ သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိပါ။
Aug 05, 2022
(၅-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 05, 2022
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 05, 2022
ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီစသည့် အနုသုခုမ ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေခြင်း ဆောင်ရွက်မည့် “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
Aug 05, 2022
ရေကြောင်းသွားလာမှုမှာ ဆိပ်ကမ်းဝင်ရဖို့အတွက် အချိန်ပိုကြာနေပြီး ဆိပ်ကမ်းမှာချသွားတဲ့ ကွန်တိန်နာတွေကို သင်္ဘောပြောင်းတင်ပေးဖို့မှာလည်း ကြန့်ကြာမှုတွေရှိနေတာကြောင့် ကွန်တိန်နာတစ်လုံးသုံးစွဲထားချိန်က ပုံမှန်ထက်ပိုကြာနေတာကြောင့် သုံးစွဲထားတဲ့ ကွန်တိန်နာ အရေအတွက်ဆတိုးဖြင့် ပိုများလာနေပါတယ်။
Aug 05, 2022
ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
Aug 05, 2022
နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကို ဩဂုတ် ၃ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 05, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်တွင် စက်ရုံလုပ်သားများ အေးချမ်းစွာ လုပ်ငန်းခွင်ဝင်ရောက်ကြလျက်ရှိရာ အထည်ချုပ်စက်ရုံအများဆုံးတည်ရှိရာ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ စက်ရုံအလုပ်သမားများလည်း အေးချမ်းစွာ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Aug 05, 2022
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခြောက်ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ အလေးမအားကစားနည်းမှ ငွေနှစ်ခုနှင့် မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
Aug 05, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက် ၇ နာရီက ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ရေဆိုးသန့်စင်စက်ရုံသို့သွားရောက်၍ ရန်ကုန်မြို့အတွက် ရေဆိုးသန့်စင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Aug 05, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခေတ်မီစံပြကျေးရွာ(SMART Village)များအခြေအနေ၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် နေပြည်တော် စမ်းဝတီသမဝါယမအသင်း တို့၏ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုအခြေ အနေတို့ကို ရှင်းလင်းဆွေးနွေးပြီး မြစ်ကြီးနားဒေသ၌ ဆောင်းသီးနှံနှင့် နွေသီးနှံစံပြစိုက်ခင်းများ စိုက်ပျိုး နိုင်ရေး တင်ပြဆွေးနွေးသည်။
Aug 05, 2022
၁။ မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီး တစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့ကြောငယ်များ တည်ရှိနေသည့်အတွက် ငလျင်ဘေးအန္တရာယ်ကြီးမားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
Aug 05, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ငါးနှစ် မှ ၁၂ နှစ်အထက် အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိသည်။
Aug 05, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Aug 05, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသည့် လုပ်ငန်းသုံး စက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၀၀၇၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
