နေပြည်တော်ဒီဇင်ဘာ ၁၁
သဘာဝအလှအပကို ကြည့်ရှုခံစားလိုကြသော ဧည့်သည်များစိတ်ချမ်းမြေ့ ကြည်နူးကြ စေရန် သာမက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အစဉ် သန့်ရှင်းသာယာလှပရေးကိုပါ စနစ်တကျ စီမံဆောင် ရွက်စေလိုပါကြောင်း၊ ခရီးသွားများတစ်ဆထက် တစ်ဆပိုမိုလာရောက် လည်ပတ်လာပါက ဖြစ်ပေါ် လာနိုင်သည့် အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုထိုမှတစ်ဆင့် ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် အသိပညာ ပေးမှု၊ ကြီးကြပ်ထိန်းသိမ်းမှုနှင့် အခါမလပ်မပြတ်နှိုးဆော်ပြုပြင်မှုများကို အထူးအလေး ထားဆောင် ရွက်စေလိုပါကြောင်း ယမန်နေ့နံနက်ပိုင်းက ကလော မြို့နယ် ရေယောင်းမကျေး ရွာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင် အထည်ဖော် လျက်ရှိသော ရေယောင်းမကျေးရွာ လူထုအခြေပြုခရီးသွားလုပ်ငန်းနေရာသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဌေးအောင်က တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ကလောဂါးဒင်းဟိုတယ်သို့ရောက်ရှိပြီး ကလော မြို့ရှိဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအသီးသီးမှတာဝန်ရှိသူများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲ မှုအဖွဲ့မှ အဖွဲ့ဝင်များကို တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးကကလောမြို့သည် မြန်မာနိုင်ငံ၏ အဓိကဆွဲဆောင်မှု ရှိသော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယခုအခါ ကလောမြို့ကို ခရီးသွားမြို့တော်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏အနီးကပ်စီမံကွပ်ကဲပေးမှုကြောင့်မကြာခင်ကာလတွင်ကလော မြို့မှာခရီးသွား မြို့တော်အဖြစ် ပိုမိုထင်ရှား လူသိများလာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဖြစ် ပေါ်လာအောင်အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများအားလုံး တက်ညီ လက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့ရှိ ဟူပင်ခေါင်တိုင်ဟိုတယ်သို့ ရောက်ရှိကာအင်းလေးကန်အတွင်းဒိုက်ဗေဒါနှင့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိမှု၊ ကန်ရေပြင်နှင့် ထိစပ်နေသော ဟိုတယ်များ၏ ရေလမ်းကြောင်းအဝင် အထွက်များ ရှင်းလင်းထားရှိမှုတို့ကိုစက်လှေဖြင့်လှည့်လည်ကြည့်ရှုသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းနှင့်အတူ ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အင်းလေးကန်ဖြတ်စက်ဘီးစီးပွဲတော်-၂၀၂၂ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ကအမှာ စကားများပြောကြားကြပြီး သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။ အဆိုပါ စက်ဘီးစီးပွဲတော်တွင် စက်ဘီးစီးဝါသနာရှင် ၄၇၀တို့က ကီလိုမီတာ ၃၀ နှင့် ၁၅ ကီလိုမီတာ ခရီးစဉ်တို့ကို စီးနင်းခဲ့ကြပြီး ကီလိုမီတာ ၃၀ ၌ အင်းလေးကန်သို့အရောက်တွင် စက်လှေတစ် စင်းလျှင် စက်ဘီး ငါးစီးနှုန်းတင်ဆောင် ၍အင်းလေးကန်ကိုဖြတ်ကျော် ကာဆက်လက် စီးနင်းခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် စီးပွားရေးရာ ဝန်ကြီးတို့က ဆုများ ချီးမြှင့်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ရှိဌာနဆိုင်ရာများ၊ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအတွင်း ပြည်တွင်း/ ပြည်ပခရီးသည်များ ပိုမိုလည်ပတ်လာရေး၊ အင်းလေး ကန် သန့်ရှင်းသာယာ လှပရေးနှင့် ရေရှည်တည်တံ့ ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်